ကိုဗစ်-၁၉ တိုက်ပွဲတွင် သူနာပြုများ အလွန်အမင်းပင်ပန်းမှုနှင့် စိတ်ပိုင်းဆိုင်ရာကျဆင်းမှုများ ခံစားကြရ

ကိုဗစ်-၁၉ ရောဂါကုသရေးတွင် ပါဝင်ဆောင်ရွက်နေရသည့် သူနာပြုများအနေဖြင့် ရှည်ကြာသည့် ကူးစက်ရောဂါတိုက်ပွဲတွင် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှုအပါအဝင် ကိုယ်တိုင်ရောဂါကူးစက်မှု များကြောင့် ရုပ်ပိုင်းဆိုင်ရာအလွန်အမင်းနွမ်းနယ်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုများပါ ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီ(ICN)က ထုတ်ပြန်ခဲ့သည်။

ICN အကြီးအကဲဟောင်း ဝပ်ကတ်တန်က “ကျွန်တော်တို့အနေနဲ့ သူနာပြုများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားမြှင့်တင်ပေးလိုပါတယ်။ အချက်အလက်တွေအရ သူနာပြုတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်ခံရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေကြသလို ရှည်ကြာနေတဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ပွဲကြီးကြောင့် သူတို့တွေ တအားကို ပင်ပန်းနွမ်းနယ်နေကြပါပြီ” ဟု ပြောကြားခဲ့သည်။

အခန်းငှားရမ်းနေထိုင်ရသူ သူနာပြုများကို ပိုင်ရှင်များက စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ငြင်းဆန်ခြင်း၊ ငှားရမ်းပြီးသား စာချုပ်သက်တမ်းကို ဖျက်သိမ်းခြင်းစသည့် လုပ်ရပ်များအပြင် ပတ်ဝန်းကျင်က နှုတ်အား၊ အပြုအမူအားဖြင့် ခွဲခြားခြင်းတို့ကြောင့် သူနာပြုများမှာ စိတ်ပိုင်းဆိုင်ရာ ကျဆင်းလာ ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား- အဘေီစီ
ဘာသာပြန်-မေလဲ့သင်း/The Mirror

Be the first to comment

Leave a Reply

Your email address will not be published.


*