အိမ်တွင်းလုပ် အသားဖြူနည်း များ

လိမ္မော်ခွံ နဲ့အသားဖြူနည်း

လိမ္မော်သီး အခွံ ကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့အချိန်မှာကြိတ်ပြီးပေါင်ဒါလို အမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှ နိုးအစိမ်းနဲ့ရောပြီးပျစ်ခဲနေအောင်ဖျော်ပါ ။ အဲဒီ အရည် ကို အရေပြား ကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြား ပေါ်လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီး နဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂ -၃ လုံးလောက်ကြိတ်ပြီးအရည်ညှစ်ချပါ။အဲဒီ့အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီးမျက်နှာကိုလိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်
ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပေးပါ။ ၁၅ ရပ်ကနေရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက် နဲ့အစက်အပြောက်တွေ_ပျောက်ဆေး

အာလူး အစိမ်းတစ်လုံးကိုယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကိုမျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာ ပေါ်က မှဲ့ခြောက်တွေ။ အခြား အမဲကွက် တွေကိုပျောက်စေပါ
တယ်။

နေပူလောင် အတွက်

နေပူလောင် ခံထားရတဲ့အသားရေများအတွက် နနွင်းမှုန့်နဲ့သံပုရာရည်ရောပြီးလိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့အသားရေအတွက်အရမ်းကောင်းပါတယ်။ နနွင်းကိုတခြားအမယ်ပစ္စည်းတွေနဲ့ရောစပ်ပြီးအသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံးသဘာဝပစ္စည်တစ်းမျိုးပဲဖြစ်ပါတယ်။ အိပ်ရာထဲမဝင်ခင် တစ်နာရီအလိုမှာ နွားနို့နွေးနွေးတစ်ဖန်ခွက်ထဲကိုနနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။

အိမ်တွင်းအဖြစ်_အသားဖြူ_Lotion

သခွားသီးအရည်(စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက်နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင်အဲဒီ့အရည်ကို မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးပါ။နာရီဝက်လောက်အခြောက်ခံပြီး သွားရင်မပူမအေးရေနွေးနွေးလေးနဲ့ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့အသားရေဟာ အရင်ကထက် ပိုပြီးတောက်ပြောင်ရွှန်းလဲလာပါလိမ့်
မယ်။

အိမ်တွင်းဖြစ်_facial_Mask

ပျားရည် တစ်ဇွန်း(စားပွဲတင်ဇွန်း)၊သဘောၤသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း) တို့ရောပြီးလိမ်းပေးပါ။ ၁၅ မိနစ်ခန့်စောင့်ပြီးမှရေနဲ့ပြန်ဆေးကြောပေးပါ။

ရှောင်ကြည်ရမည့်အချက်များ

အသားဖြူ ချင်တဲ့သူတွေရှောင်ကြည်ရမယ့် အချက်တွေရှိပါတယ်။ အလှပြင် ပစ္စည်း များဝယ်တာကအစသတိထားထသင့်တဲ့အချက်တွေရှိပါတယ်။ ပျိုတို့အနေနဲ့အလှပြင်ပစ္စည်း တွေဝယ်သုံးစွဲတဲ့အခါမှာမဝယ်ခင်ကိုယ့် အသားအရေရဲ့ အမျိုးအစားကိုသိပြီးမှ အသားအရေ အမျိုးအစားအလိုက်ရွှေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။

တချို့အသားဖြူအလှကုန်ပစ္စည်းတွေ

ဟာ အဆီပြန်တဲ့ အသားရေ ၊ အခြောက်သွေ့တဲ့အသားရေ အမျိူးအစားတွေနဲ့ သင့်တော်ခြင်းမရှိလို့ဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေ၊ပူစပ်တဲ့အစားအစာများ၊
ဆီကြော်အစားစာများကိုလည်းမစားပါနဲ့။ ဒီအစားအစာတွေဟာအရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကိုဖြစ်ပေါ်စေပြီးအရေပြားကိုခြောက်သွေ့မည်းကွက်
လာစေပါတယ်။

ဘယ်လောက်ပဲ သုံးသုံး၊အသားဖြူဆေးသုံးသုံးကိုယ် ကာယလေ့ကျင့်ခန်းတွေ မလုပ်လို့ ကတော့ အကျိုးထိရောက်မှုမရှိပါဘူး။ ကာယလေ့ကျင့်ခန်းကိုနေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်
ပါတယ်။ ဒါမှသွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစမ့်ဝင်မှု ပိုမို မြန်ဆန်နိုင်မှာဖြစ်ပါတယ်။
တခုခု ရရင်ကျေနပ်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*