ရန်ကုန်တွင် အလုပ်လာလုပ်သူများအနက် နေရပ်ပြန်လိုသူများကို ပြန်နိုင်ရန် စီစဉ်ပေးမည်

ရန်ကုန်တွင် အလုပ်လာလုပ်သူများအနက် နေရပ်ပြန်လိုသူများကို ပြန်နိုင်ရန် စီစဉ်ပေးမည်
———————————————-
ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလတိုးမြှင့်လိုက်သည့်အတွက်ကြောင့် ဒေသအသီးသီးမှ လာရောက်အလုပ်လုပ်ကိုင်ကြသူများအနက် အခက်အခဲဖြစ်ပေါ်နေသူများကို နေရပ်သို့ ပြန်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းများအရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်လိုသူများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေကာ လတ်တလောနေရပ်ပြန်လိုသူများစာရင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံတင်ပြထားကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင်ရခိုင်ပြည်နယ်မှအခြေချနေထိုင်သူနှင့်လာရောက်အလုပ်လုပ်ကိုင်သူအများဆုံးဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် နေရပ်ပြန်လိုကြောင်း တင်ပြလာသူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*