ပိုင်ရှင် နဲ့အလုပ်သမား ကြား ပြသနာ မဖြစ်အောင် နံနက်ခင်း မနမ်းမနေရ ဥပဒေ ထုတ်ထားတဲ့ ကုမ္ပဏီ(ရုပ်သံ)

တရုတ်နိုင်ငံ ဘေဂျင်းBeijing မြို့က စက်မှုလက်မှု အရောင်း ကုမဏီ တစ်ခုမှာ လုပ်ကိုင်နေသူ ဝန်ထမ်း အမျိုးသမီး အားလုံး ဟာ သူတို့ရဲ့ သူဌေးကို မနက်တိုင်း နမ်းပြီး နုတ် ဆက်နေရတယ်လို့ www.hardwarezone.com.sg စင်္ကာပူ နိုင်ငံ ထုတ် အွန်လိုင်း သတင်း စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

မနက်တိုင်း အလုပ် ဝင်တဲ့အခါ သူဌေး က စက်ရုံ အပေါက်ဝမှာစောင့်နေပြီး အမျိုးသမီး တဦးချင်းကို နမ်းတဲ့ အလေ့ကျင့် လုပ်ထားတာကတော့ အလုပ်ရှင်နဲ့အလုပ်သမား ကြားမှာ ပိုမိုရင်းနှီးမှု ရှိလာအောင်လို့ပိုင်ရှင်ဖြစ်သူကပြောပါတယ်။

ယခုလို အမှုအကျင့် ကို အမေရိကန် ကုပဏီ တခုက သူ့ဝန်ထမ်း တွေကို morning kisses. ဆိုပြီး တစ်ဦးနဲ့တစ်ဦးဖက်နမ်းနေတာကို အတုယူခဲတာလို့ သိရပါတယ်။

ခုလိုနမ်းချင်းအားဖြင့် အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ ဆန္ဒပြတာတွေ-မပြေ လည်မှုတွေ-ဒေါသဖြစ်နေတာတွေ ပြေစေတယ်လို့ ကုပဏီပိုင်ရှင် ကပြောပါ တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*