မင်္ဂလာဆောင်ဓာတ်ပုံရိုက်မယ့်အချိန်မှာ ကလေးတစ်ယောက်မြစ်ထဲကျသွားတာမြင်ပြီး ကိုယ်တိုင်ပြေးဆင်းကယ်ခဲ့တဲ့ သတို့သား

ကနေဒါနိုင်ငံ၊Ontarioပြည်နယ်၊ Cambridge မြို့က ပန်းခြံမှာမင်္ဂလာဆောင်ပြီးကာစ သတို့သားနဲ့သတို့သမီးက ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတုန်းမှာသတို့သားကရုတ်တရက်ပြေးထွက်သွားပြီး မြစ်ထဲကိုခုန်ဆင်းသွားခဲ့ပါတယ်။


တကယ်တော့ သတို့သားဖြစ်သူ Clayton Cookက မြစ်ထဲကိုပြုတ်ကျသွားတဲ့ကလေးတစ်ယောက် ကိုမြင်ပြီးသွားကယ်တင်ခဲ့တာပါ။ကလေးတွေရဲ့ပြောစကားအရ ကလေးနှစ်ယောက်ကစကားများပြီး တစ်ယောက်ကရေထဲကိုတွန်းလိုက်တာလို့သိရပါတယ်။အဲ့ဒါကိုမြင်သွားတဲ့သတို့သားကကလေးကိုကယ်ဖို့ တခြားသူတွေကိုအကူအညီမတောင်းတော့ပဲသူကိုယ်တိုင်ဆင်းသွားခဲ့တာပါ။ ကံကောင်းစွာနဲ့ကလေးကရေထဲနစ်သွားတော့မယ့်အချိန်မှာအချိန်မီကယ်ဆယ်နိုင်ခဲ့တာပါ။


ဓာတ်ပုံဆရာဖြစ်တဲ့ Darren Hatt ကလည်း ချက်ချင်းပဲ ကလေးကိုကယ်နေတဲ့ပုံတွေကို ရိုက်ခဲ့ပါတယ်။

သတို့သမီးဖြစ်သူ Brittany Cook က Clayton Cook မြစ်ထဲကိုခုန်ဆင်းသွားတာကိုမြင်တွေ့ခဲ့ပြီးဘာလုပ်နေတာလဲ ဆိုပြီးအံ့သြစွာတွေးမိခဲ့တဲ့အကြောင်းကိုပြန်ပြောပြခဲ့ပါတယ်။သူမကစိတ်မဆိုးခဲ့ပဲသူတို့ရဲ့မင်္ဂလာဆောင်နေ့မှာ အခုလို တခြားတစ်ယောက်ကိုကယ်တင်ပေးနိုင်တဲ့အတွက် သတို့သားဖြစ်သူကိုဂုဏ်ယူနေတယ်လို့ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*