
နေထူးနိုင်ကိုတော့ ပရိသတ်တွေက အက်ရှင်မင်းသားတစ်ယောက်အဖြစ် စတင်သိရှိလာခဲ့ကြတာပါ။ သူဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယို အဖွဲ့မှာလည်း အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် အားတက်သရော ပါဝင်လေ့ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။
နေထူးနိုင်ကတော့ ကိုဗစ်ရောဂါကြီးကို ရုပ်ရှင်ထဲကလို ပါဝါတွေနဲ့ ကိုဗစ်ကပ်ရောဂါကို တားလို့ရရင် တားပေးချင်ပါတယ်လို့ ပြောလာပါတယ်။ သရုပ်ဆောင်နေထူးနိုင်က “ရုပ်ရှင်ထဲကလို ပါဝါတွေနဲ့ ကိုဗစ်ကပ်ရောဂါကို တားလို့ရရင် တားပေးချင်ပါတယ်လို့ သရုပ်ဆောင် နေထူးနိုင်ကပြောပါတယ်။ ပြည်သူတွေအနေနဲ့လည်း စားဝတ်နေရေးအတွက် လမ်းပေါ်မဖြစ်မနေ ထွက်ရတယ်ဆိုရင် ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ ဝမ်းစာရှာဖွေတာမျိုးလေး လုပ်ပေးစေချင်တယ်လို့ တိုက်တွန်းပြောကြားပါတယ်။ ဒါ့အပြင် မိသားစုဝင်တွေအားလုံးကလည်း မေတ္တာပို့ဆုတောင်းစကားတွေ ညတိုင်းဘုရားရှိခိုးတိုင်း ပြောနေမိတယ်”လို့ပြောပြလာခဲ့ပါတယ်။
ပရိသတ်ကြီးအတွက် နေထူးနိုင်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ် ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါနော်။
Leave a Reply