အမြွှာလေးနှစ်ယောက်ထဲကမှ တစ်ယောက်ကိုသာကယ်တင်ဖို့ အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြတဲ့ မိဘနှစ်ပါး

တရုတ်မွန်ဂိုလီးယားနိုင်ငံရှိ ဆင်းရဲတဲ့ဇနီးမောင်နှံဟာ ၇ လသားအရွယ်အမြွာအား ဘယ်တစ်ယောက်ကိုကယ်တင်ရမယ်ဆိုတဲ့ အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုအား အတင်းအကျပ်ချမှတ် စေခိုင်းခြင်းခံခဲ့ရပါတယ်။ခင်ပွန်း Wang Guojun နှင့်သူ့ရဲ့ဇနီး Xu Shijia တို့ဟာ နာမကျန်းဖြစ်နေတဲ့ကလေးတွေကို ဆေးရုံပို့ရန် ငွေအလုံအလောက်မရှိတာကြောင့် ရှန်ဟိုင်းဆေးရုံတွင်ဆေးကုသမှုခံယူရန် WenYuanသို့မဟုတ် Wen Bo ဆိုတဲ့အမြွှာမှ ဘယ်တစ်ယောက်ကို ခေါ်ဆောင်သွားရမလားဆိုတဲ့ ဆုံးဖြတ်ချက်ကိုစာရွက်ပေါ်တွင်ရေးဆွဲခဲ့ပါတယ်။

စက်တင်ဘာလ (၃၀) ရက်နေ့တွင် Qiqihar ရှိနံပါတ် ၁ ဆေးရုံမှာ Xu Shijia (၃၉ နှစ်) ဟာ သားယောကျ်ားလေးနှစ်ယောက်ကိုမွေးဖွားခဲ့တယ်ဟု QQ (Daily Mail မှတစ်ဆင့်) ကဖော်ပြခဲ့ပါတယ်။မွေးကင်းစကလေးငယ်နှစ်ဦးစလုံးဟာ မွေးရာပါနှလုံးရောဂါနှင့်အဆုတ်ရောင်ရောဂါများရှိခြင်းကြောင့် မကြာခဏဖျားလေ့ရှိပါတယ်။ Xu ဟာ ငါးလကိုယ်ဝန်ဆောင်စဉ်မှာ မသန်မစွမ်းဖြစ်ကာအရေပြားခြယ်မှုန်းမှုပျောက်ကင်းသော leucodermaရောဂါရှိပြီး Wang ဟာလည်း ဦး နှောက်အကျိတ်ရှိနေခဲ့ပါတယ်။

အမွှာသားနှစ်ယောက်အား ရှစ်လမပြည့်မီ ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ဆရာဝန်များက မိဘတွေကို အကြံဉာဏ်ပေးခဲ့ပါတယ်။ဇနီးမောင်နှံနှစ်ဦး ဟာ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ငွေထုတ်ချေးခြင်းဖြင့် သူတို့လိုအပ်သောရန်ပုံငွေများကိုရှာဖွေရန်ကြိုးစားခဲ့ကြပါတယ်။ပြီးခဲ့တဲ့အပတ်မှာ အစ်ကိုဖြစ်သူ Wen Yuanဟာ ‘go’ ဟုတပ်ဆင်ထားတဲ့ စာရွက်ကိုကောက်ယူခြင်းအားဖြင့် Wen Yuanကိုဆေးကုသမှုခံယူရန် ခေါ်သွားပြီး သားငယ် Wen Boကို သူ့အဘွားနှင့်အတူ အိမ်မှာထားခဲ့လိုက်ရပါတယ်။ဇနီးမောင်နှံ နှစ်ဦးဟာ သူငယ်ချင်းများကလှူဒါန်းခဲ့တဲ့ဒေါ်လာ ၂,၉၀၀ ကိုယူဆောင်လာပြီးရှန်ဟိုင်းကလေးဆေးဘက်ဆိုင်ရာစင်တာသို့ ရောက်ရှိရန် ၂,၈၃၁ ကီလိုမီတာခရီးကိုသွားခဲ့ပါတယ်။

ဆရာဝန်များတွေ့ရှိချက်အရ Wen Yuanရဲ့အဆုတ်ရောင်ရောဂါဟာ သူ့ရဲ့နှလုံးရောဂါထက် ပိုပြင်းထန်ကြောင်း ဆေးကုသမှုခံယူရန်လိုအပ်ကြောင်းပြောပြီး သူတို့ဆေးကုသရန် ငွေမလုံလောက်ကြောင်းလည်း သူတို့အားအသိပေးခဲ့ပါတယ်။ရှန်ဟိုင်းအခြေစိုက် Ma Xiaoma သတင်းထောက်ရဲ့ အကူအညီဖြင့် ကြာသပတေးနေ့တွင် ဒေသခံမီဒီယာမှတစ်ဆင့် သူတို့မိသားစုအတွက် အသနားခံစာတင်ခဲ့ပါတယ်။ကျေးဇူးတင်စရာကတော့ တရုတ်လူမျိုးများဟာ ဆင်းရဲသောမိသားစုများအား စိတ်မပျက်စေခဲ့ပါ။ပြည်သူတွေရဲ့ရက်ရက်ရောရောလှူဒါန်းမှုအနေဖြင့်ယွမ် ၈၀၀,၀၀၀ကျော် (ဒေါ်လာ ၁၁၆,၀၀၀) စုဆောင်းနိုင်ခဲ့ပါတယ်။မေ ၁၂ ရက်နေ့မှာတော့ Xu နှင့်သူမ၏ခင်ပွန်းတို့ဟာ သူတို့၏သားငယ် Wen Bo ကိုရှန်ဟိုင်းသို့ပို့ဆောင်ပြီး ဆေးကုသမှုကိုခံယူနိုင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*