အရပ်ပုတဲ့အမျိုးသားတွေရွေးချယ်သင့်တဲ့စတိုင်

အရပ်ပုတဲ့အမျိုးသားတွေရွေးချယ်သင့်တဲ့စတိုင်


အရပ်ပုတာ၊ အရပ်မရှည်တာဟာ စိတ်ကသိကအောက်ဖြစ်စရာကိစတစ်ခုပါ။ ဒါပေမဲ့လည်း ဝတ်စားပုံဖက်ရှင်တွေက သင့်ကို ရှည်သယောင်ယောင်ဖြစ်အောင်ပြုပြင်ပေးနိုင်ပါတယ်။

(၁) ကာလာအလင်းအမှောင်တွေကသင့်ကိုရှည်အောင်ပြုပြင်ပေးနိုင်ပါတယ်။ အထက်အောက် ဆင်တူဖြစ်အောင်ဝတ်ပါ။ အထူးသဖြင့်အနက်ရောင်ကမျက်လုံး ထဲမှာရှည်တယ်လို့ထင်မှတ်စေပါတယ်။ တကယ်လို့ အပေါ်အောက် ဆင်တူမဖြစ်ခဲ့ရင်တောင်ပိုရင့်တဲ့အရောင်ကိုအောက်မှာထားပါ။ ဘောင်းဘီအရင့်နဲ့ရှပ်အဖျော့ တွဲဝတ်တာကလဲ အလျားရှည်တယ်လို့ထင်ရပါတယ်။

(၂) ဒေါင်လိုက်မျဉ်းတွေဝတ်ပါ။ ဒေါင်လိုက်မျဉ်းတွေကပိန်တယ်လို့ထင်ရပြီး အလျားလိုက်မျဉ်းတွေကတော့ ဝတယ်လို့ထင်ရပါတယ်။ တော်တော်များများ ဒါကိုကြားဖူးကြမှာပါ။ ပြတ်တောင်း ပြတ်တောင်း မဟုတ်တဲ့ ဒေါင်လိုက်အစင်းတွေဝတ်ဆင်တာဟာ တမင်ကြိုးစားလုပ်ယူထားတဲ့ပုံ မပေါက်ဘဲအရပ်ပိုရှည်စေတဲ့နည်းလမ်း ကောင်းတစ်ခုပါ။

(၃) သပ်သပ်ရပ်ရပ်စတိုင်ကျကျခန္ဓာကိုယ်နဲ့ အတိအကျဖြစ်တဲ့ပုံစံမျိုးဝတ်ပါ။ ကိုယ်နဲ့ကြီးနေတာမျိုး၊ ပွယောင်းယောင်း ဖြစ်နေတာမျိုးကိုရှောင်ပါ။

(၄) အရောင်တောက်တောက်မျိုးကိုရွေးချယ်ပါ။ အသားအရေနဲ့ လိုက်ဖက်မှုရှိဖို့ကိုလည်း သတိပြုပါ။ (ဥပမာ-အပြာ၊အစိမ်း၊အညို၊အနီ) စတာတွေပါ။

(၅) Accessories တွေနဲ့တန်ဆာဆင်ပါ။ ခါးပတ်အပြားကြီးကြီး ဝတ်တာမျိုး ရှောင်ပါ။ ဦးထုပ်၊ ရှူးဖိနပ်တို့နဲ့ပိုရှည်တယ်ထင်ရအောင်အားဖြည့်ပါ။

ဒါဆိုရင်တော့အရပ်ရှည်မလာပေမယ့်ရှည်သယောင်ကြည့်ကောင်းတဲ့အသွင်အပြင်ကိုရမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*