မိခင်ဖြစ်သူ မွေးနေ့အထိမ်းအမှတ်အဖြစ် သူပိုင်တိုက်ခန်းတွေက အိမ်ငှားတွေကို ကိုဗစ်ကာလပြီးဆုံးတဲ့အထိ အခမဲ့နေထိုင်ခွင့်ပေးလိုက်တဲ့ သရုပ်ဆောင် ဒိန်းဒေါင်

မိခင်ဖြစ်သူ မွေးနေ့အထိမ်းအမှတ် အဖြစ် ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်က သူ့ပိုင် တိုက်ခန်းများတွင် ငှားရမ်းခများကို ယခုနှစ်ကုန်အထိ အခကြေးငွေ ပေးစရာ မလိုအပ်ဘဲ အခမဲ့နေထိုင်ခွင့်ပြုလိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်က “ ရန်ကုန်မြို့တွင်ရှိသော ကျွန်တော်ပိုင်ဆိုင်သည့်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများသို့ ….ယခုကိုဗစ်ကာလအခြေနေများတွင် စီးပွားရေးအခြေနေများကျဆင်း နေသောကြောင့် စားဝတ်နေရေးအခက်ခဲများကိုသိရှိညှာတာသောအားဖြင့် ကျွန်တော်ဒိန်းဒေါင်(ခ) တင်ဌေးမှ နှစ်ဖက်သောမိဘများအားအမှူးထား၍ ကျွန်တော်၏ မိခင်ဒေါ်တင်ထွေးမွေးနေ့ အထိမ်းအမှတ် မိသားစုအလှူအဖြစ် မနက်ဖြန်(10.10.2020) စနေနေ့ မှစ၍ ကိုဗစ်ကာလပြီးဆုံးသည်ထိတိုင်အောင် တိုက်ခန်းငှားရမ်းခ အခကြေးငွေ တစ်ပြားတစ်ချပ်မှပေးရန်မလိုတော့ဘဲ မေတ္တာစေတနာဖြင့်သာ အခမဲ့နေထိုင်ခွင့်ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်” လို့ လူမှုကွန်ယက်မှ တစ်ဆင့်ပြောကြားထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*