
ကိုဗစ်လူနာများအားထားရှိရန်ပြင်ဆင်ထားသည့် အင်းယားစင်တာမှာ နိုင်ငံတကာသို့ချပြနိုင်သည့်အဆင့် ရှိ ကြောင်း Covid-19 ရောဂါ တိုက်ဖျက်၊ကုသရေးကော်မတီ ဒုတိယဥက္ကဌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့သည်။
အောက်တိုဘာလ ၆ရက်က အင်းယားစင်တာတွင် ကိုဗစ်လူနာများအား စနစ်တကျထားရှိ ကုသရန်ပြင်ဆင် နေမှုများ ကို လာရောက်ကြည့်ရှုခဲ့စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုတည်ဆောက်လျက်ရှိသောစင်တာမှာနိုင်ငံတကာသို့ ချပြနိုင်သည့်အဆင့်မီ ကြောင်း၊လုပ်ငန်းကော်မတီ မှလုပ်ဆောင် ချက်များအားလုံးကိုမှတ်တမ်း တင်ရန်လိုအပ်ကြောင်း၊ ရေနှင့် ပတ်သက်၍ဆောင်ရွက်ထားခြင်း၊ သန့်စင်ခန်းများ စနစ်တကျထားရှိခြင်း၊ လူနာများအတွက်ကြိုတင်စီ စဉ်ထား ခြင်းများအားလုံးကို မှတ်တမ်းပြု တင်ထားစေလိုကြောင်း၊ တစ်ချိန်တွင်နိုင်ငံတကာသို့အသိပေးတင်ပြလိုကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်ကွန်ဗန်းရှင်းစင်တာကို အင်းယားစင်တာအဖြစ် စက်တင်ဘာလ ၂၉ရက်မှ စတင်ပြင်ဆင် တည်ဆောက်ခဲ့ပြီး အောက်တိုဘာလ ရရက် တွင် ၉၅ရာခိုင်နှုန်းအထိပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Leave a Reply