အစ်ကိုဖြစ်သူရဲ့ဝိညာဉ်က သူမနောက်ကိုအမြဲလိုက်နေတာကိုဗီဒီယိုရိုက်ပြီးသက်သေပြခဲ့တဲ့အမျိုးသမီး (အိမ်ပြောင်းလည်း ဝိညာဉ်ကလိုက်လာတာပဲတဲ့…)

လူတွေကသေဆုံးသွားတဲ့အခါ စိတ်ထဲမှာစွဲလန်းနေတဲ့အရာတွေအနားမှာပဲရှိနေတတ်ပါတယ်။ မိသားစုကိုမခွဲနိုင်သေးတဲ့အခါ၊ချစ်သူကိုမခွဲနိုင်သေးတဲ့အခါ သူတို့နားမှာပဲတဝဲလည်လည်လုပ်နေတတ်ပါတယ်။

အင်္ဂလန်နိုင်ငံ၊Burnley မြို့မှာနေထိုင်တဲ့အသက် ၃၃နှစ်အရွယ်အမျိုးသမီးDonna Ayres ကတော့သူမရဲ့အနောက်ကို အစ်ကိုဖြစ်သူက အမြဲတမ်းလိုက်နေတယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။သူမရဲ့အစ်ကိုPaul ဖြစ်လိမ့်မယ်လို့ပြောခဲ့ပြီး Paul အသက်ရှင်တုန်းက သူမနဲ့အနည်းငယ်ရန်ဖြစ်တာတွေရှိခဲ့ပါတယ်။အဲ့ဒါကြောင့်သေဆုံးသွားတဲ့အခါမှာ ဒေါသဖြစ်ပြီးလက်စားချေချင်လို့အနောက်ကနေအမြဲတမ်းလိုက်နေတာဖြစ်မယ်လို့ပြောပြခဲ့ပါတယ်။

ညဘက်တွေမှာ ဆူညံနေတဲ့အသံတွေကြားရပြီး မနက်မိုးလင်းရင် နံရံမှာအစင်းရာတွေတွေ့ပါတယ်။Donnaဟာ ကလေး၄ယောက်အမေဖြစ်ပြီး သူမတို့မိသားစုက တစ်အိမ်ပြီးတစ်အိမ်ပြောင်းရွေ့နေထိုင်လာတာ ၅အိမ်တောင်ရှိနေပါပြီ။သူမရဲ့အစ်ကိုကတော့ဘယ်နေရာပြောင်းပြောင်းအနောက်ကအမြဲလိုက်နေတယ် လို့ပြောပြခဲ့ပါတယ်။

တခြားသူတွေကိုပြောပြတဲ့အခါ ဘယ်သူကမှသူမကိုမယုံခဲ့ပါဘူး။အဲ့ဒါကြောင့်သူမကဖုန်းနဲ့ဗီဒီယိုရိုက်ထားပြီး သက်သေပြဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းကြည့်လို့ရအောင်သူမရဲ့ဗီဒီယိုကိုပြန်ပြီးတင်ပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*