ရဲဌာနဆီကို အကြိမ်ပေါင်း တစ်ထောင်ကျော်ဖုန်းဆက်ပြီး ကြက်ဥလိပ်ရောင်းဖို့ ကြိုးစားခဲ့လို့ အဖမ်းခံရတဲ့ အဖိုးအို

Huu Nguyen လို့ အမည်ရတဲ့ အဖိုးအိုတစ်ဦးဟာ အရေးပေါ်ဌာနရဲ. ဖုန်းနံပါတ်ဖြစ်တဲ့ ၉၁၁ ကို ဇူလိုင်လကတည်းက သူ့ရဲ. ကြက်ဥလိပ်တွေဝယ်ဖို့ အကြိမ်ပေါင်းတစ်ထောင်ကျော် ဖုန်းဆက်ပြီး ရောင်းချခဲ့ပါတယ် ။

၉၁၁ ဖက်က ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ အဖိုးအိုက သူ့ရဲ. ကြက်ဥလိပ်တွေကို ဝယ်ပေးဖို့ ပြောဆိုကြောင်း တရားရုံးစစ်ချက်တွေမှာ ဖော်ပြထားပါတယ် ။ သူက ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ၉၁၁ နံပါတ်ကို အကြိမ်ပေါင်း ၁၁၇၁ ကြိမ် ဖုန်းခေါ်ခဲ့တာပါ ။ စက်တင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းမှာတင်သူက အကြိမ်ပေါင်း ၂၄၁ ကြိမ်ထိ ဖုန်းခေါ်ခဲ့ပါတယ်။

ဒီနောက်မှာာတော့ အဖိုးအိုကို ရဲတွေက Ridgeway နဲ. Winchester နားတဝိုက်က ဈေးဝယ်စင်တာတွေအနီးမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့ကြပါတယ် ။ အဖိုးအိုဟာ အမှန်တကယ်ပဲ သူ့ရဲ. ကြက်ဥလိပ်တွေကို ရောင်းချဖို့ ကြိုးစားတာလား အရေးပေါ် ဌာနကို နှောင့်ယှက်ဖို့ ဖုန်းခေါ်တာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။

ဒါပေမယ့်လည်း အရေးပေါ် ဌာနကို အခုလိုမျိုး အကြိမ်ကြိမ် ဖုန်းခေါ်နေတာကတော့ အရေးပေါ်ဌာနရဲ. လုပ်ငန်းတွေ ဆောင်ရွက်စရာရှိတာတွေကို နှောင့်နှေးစေတာ အမှန်ပဲမို့ အဖိုးအိုဟာ အရေးယူခံရဖို့ ရှိနေပါတယ်။

ZG Version

ရဲဌာနဆီကို အၾကိမ္ေပါင္း တစ္ေထာင္ေက်ာ္ဖုန္းဆက္ျပီး ၾကက္ဥလိပ္ေရာင္းဖို႔ ၾကိဳးစားခဲ့လို႔ အဖမ္းခံရတဲ့ အဖိုးအို

Huu Nguyen လို႔ အမည္ရတဲ့ အဖိုးအိုတစ္ဦးဟာ အေရးေပၚဌာနရဲ. ဖုန္းနံပါတ္ျဖစ္တဲ့ ၉၁၁ ကို ဇူလိုင္လကတည္းက သူ႔ရဲ. ၾကက္ဥလိပ္ေတြ၀ယ္ဖို႔ အၾကိမ္ေပါင္းတစ္ေထာင္ေက်ာ္ ဖုန္းဆက္ျပီး ေရာင္းခ်ခဲ့ပါတယ္ ။

၉၁၁ ဖက္က ဖုန္းကိုင္လိုက္ျပီဆိုတာနဲ႔ အဖိုးအိုက သူ႔ရဲ. ၾကက္ဥလိပ္ေတြကို ၀ယ္ေပးဖို႔ ေျပာဆိုေၾကာင္း တရားရံုးစစ္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္ ။ သူက ဇူလိုင္လ ၁၅ ရက္ေန႔ကစျပီး ၉၁၁ နံပါတ္ကို အၾကိမ္ေပါင္း ၁၁၇၁ ၾကိမ္ ဖုန္းေခၚခဲ့တာပါ ။ စက္တင္ဘာလ ၁ ရက္ေန႔ တစ္ရက္တည္းမွာတင္သူက အၾကိမ္ေပါင္း ၂၄၁ ၾကိမ္ထိ ဖုန္းေခၚခဲ့ပါတယ္။

ဒီေနာက္မွာာေတာ့ အဖိုးအိုကို ရဲေတြက Ridgeway နဲ. Winchester နားတဝိုက္က ေစ်း၀ယ္စင္တာေတြအနီးမွာ ရွာေဖြတေြ႔ရွိခဲ့ျပီး ဖမ္းဆီးခဲ့ၾကပါတယ္ ။ အဖိုးအိုဟာ အမွန္တကယ္ပဲ သူ႔ရဲ. ၾကက္ဥလိပ္ေတြကို ေရာင္းခ်ဖို႔ ၾကိဳးစားတာလား အေရးေပၚ ဌာနကို ေႏွာင့္ယွက္ဖို႔ ဖုန္းေခၚတာလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး ။

ဒါေပမယ့္လည္း အေရးေပၚ ဌာနကို အခုလိုမ်ိဳး အၾကိမ္ၾကိမ္ ဖုန္းေခၚေနတာကေတာ့ အေရးေပၚဌာနရဲ. လုပ္ငန္းေတြ ေဆာင္ရြက္စရာရွိတာေတြကို ေႏွာင့္ေႏွးေစတာ အမွန္ပဲမို႔ အဖိုးအိုဟာ အေရးယူခံရဖို႔ ရွိေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*