ဒီအချက်တွေက သင့်ကို တုပ်ကွေးရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

လတ်တလောကာလမှာတော့ ရာသီတုပ်ကွေး၊ ခြင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ဆင်တုပ်ကွေး၊ လေမှတစ်ဆင့် ကူးစက်တတ်တဲ့ ပြင်းထန်အဆုတ်ရောင် H1N1 တုပ်ကွေး covid-19 စသဖြင့် လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ် သက်ရောက်လျက် ရှိပါတယ်။

အောက်ပါအချက်တွေကတော့ ကူးစက်နိုင်တဲ့ တုပ်ကွေးအမျိုးမျိုးရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

(၁)ကိုယ်ပူ အဖျားတက်ခြင်း (၂) ကြွက်သားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်း (၃) နှာရည်ယို နှာစေးခြင်း (၄) ချောင်းဆိုးခြင်း (၅) လည်ချောင်းနာခြင်း (၆) ခေါင်းကိုက်ခြင်း (၇) မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်တတ်ပါတယ်။

COVID-19 ရောဂါ လက္ခဏာတွေကတော့

အတွေ့အများဆုံး ရောဂါလက္ခဏာ ၃ ခု ၁။ ဖျားခြင်း/ကိုယ်ပူခြင်း ၂။ ချောင်းခြောက်ဆိုးခြင်း ၃။ ပင်ပန်းနွမ်းနယ်ခြင်း

အဖြစ်နည်းသော လက္ခဏာများ ၇ ခု

၁။ ကိုယ်လက် ကိုက်ခဲနာကျင်ခြင်း ၂။ လည်ချောင်းနာခြင်း ၃။ ဝမ်းလျှောခြင်း/ဝမ်းပျက်ခြင်း ၄။ မျက်စိနာခြင်း/မျက်စိနီခြင်း
၅။ ခေါင်းကိုက်ခြင်း ၆။ အနံ့ /အရသာ ပျောက်ခြင်း/ပျက်ခြင်း  ၇။ အရေပြားပေါ်တွင် အနီစက်ထွက်ခြင်း သို့မဟုတ် ခြေချောင်းလက်ချောင်းများတွင် အကွက်များထခြင်း

ပြင်းထန်သော လက္ခဏာ ၃ ခု

၁။ အသက်ရှုရခက်ခြင်း/ မောခြင်း ၂။ ရင်ဘတ်အောင့်ခြင်း ၃။ စကားမပြောနိုင်ခြင်း/ မလှုပ်ရှားနိုင်ခြင်း ထိုလက္ခဏာတွေကို ကြုံနေရပြီဆိုရင်တော့ ဆေးရုံဆေးခန်း အမြန်သွားရောက်ကာ ဆေးကုသမှု ခံယူသင့်ပါတယ်။

ဒါပေမယ့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ရောဂါဖြစ်မှ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားလိုပဲ မဖြစ်ပွားခင် မိမိနဲ့ မိမိရဲ့ မိသားစုဝင်တွေကို တုပ်ကွေးဖြစ်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေအတွက် တုပ်ကွေးအန္တရာယ် ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကိုလည်း ဝေမျှပေးချင်ပါသေးတယ်။


(၁) လက်ကို မကြာခဏဆေးပါ။ Alcohol-based လက်ဆေးဆပ်ပြာရည်မျိုးကို သုံးပေးရင် ပိုသင့်တော်ပါတယ်။ လူစုလူဝေးရှောင်ရှားပါ/ အနည်းဆုံး ၆ ပေအကွာမှ စကားပြောပါ။ မဖြစ်မနေ  ကစ္စမှအပ အ ပြင်မထွက်ပါနှင့် ။

(၂) ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေအောင် နေဖို့ လိုပါတယ်။ ရေများများ သောက်ပေးပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတို့ကို စားသုံးပေးပါ။

(၃) အိပ်ချိန်မှန်အောင် ကြိုးစားသင့်ပါတယ်။ စောစောအိပ် စောစောထပြီး တစ်နေ့ (၈) နာရီပြည့်အောင် အိပ်စက်ပေးသင့်ပါတယ်။


(၄) ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ (၅) အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

ကြိုတင်ကာကွယ် ကုသနိုင်ဖို့ တုပ်ကွေးလက္ခဏာတွေအကြောင်းနဲ့ တုပ်ကွေး ကာကွယ်ခြင်း နည်းလမ်းတွေကို ဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။ အသိပညာလေးတွေမျှဝေပေးခြင်းဖြင့် အချင်းချင်း ကူညီကြပါစို့နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*