မသန်စွမ်းတဲ့ သူငယ်ချင်းကို ၃ နှစ်တိုင်တိုင် အတန်းသို့ ကျောပိုး လိုက်ပို့ပေးတဲ့ နှလုံးလှကျောင်းသား

အသက် ၁၉ နှစ်ရှိသူ Zhang Chi ဆိုသူဟာ muscular dystrophy ခေါ် ကြွက်သားများ တဖြည်းဖြည်းကြုံလှီလာကာ နာတာရှည်ရောဂါခံစားနေခဲ့ရပြီး လမ်းလျှောက်ရန် အခက်အခဲဖြစ်ခဲ့ပါတယ်။


သို့ပေမယ့် အချစ်ဆုံးမိတ်ဆွေ Xie Xu ၁၈ နှစ်ဟာ တရုတ်ပြည်မြောက်ပိုင်း Xuzhou ရှိ Daxu အထက်တန်းကျောင်းရဲ့ စင်္ကြာလမ်းအထိ ၃ နှစ်တိုင်တိုင် ထမ်းသယ်ပေးခဲ့ပါတယ်။

၎င်းတို့နှစ်ဦးမှာ ကျောင်းအနီးရှိ အဆောင်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ချက်ပြုတ်ခြင်းနဲ့ အဝတ်အစားတွေ လျှော်ပွတ်ခြင်းစတဲ့ နေ့စဉ်အလုပ်တွေကို ကူညီဆောင်ရွက်ပေးရင်း Zhang ကို Xie နေ့တိုင်း ထမ်းသယ်ပေးလျက်ရှိပါတယ်။

၎င်းတို့နှစ်ဦးရဲ့ ဘဝဇာတ်ကြောင်းဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စိတ်ထိခိုက်ဖွယ်လည်း အလွန်ကောင်းကြောင်း လက်ထောက်ကျောင်းအုပ်ဖြစ်သူ Guo Chunxi က ပြောဆိုခဲ့တယ်။

သူတို့ဟာ မိသားစုဝင်တွေ မဟုတ်ကြပေမယ့် ၃ နှစ်တိုင်တိုင် Xie ဒါကို ဆောင်ရွက်ခဲ့တယ်။ Xie ကို “Beautiful student” အဖြစ် ခေါ်ဆိုခဲ့တယ်။ Xie ဟာ the most beautiful student ဂုဏ်ပုဒ်ပေးခံခဲ့ပါတယ်။

Zhang ကို မဆိုင်းမတွ ကူညီပေးကြသော တခြားကျောင်းသားတွေကိုလည်း Guo Chunxi ချီးမွမ်းစကား ပြောဆို သုံးနှုန်းခဲ့ပါတယ်။ သူတို့တွေရဲ့ ကူညီပေးမှုကြောင့် Zhang အတန်းတစ်ကြိမ် တစ်ခါမျှ မပျက်ကွက်ခဲ့ကြောင်း လည်း ပြောဆိုခဲ့တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*