
ရုတ်တရက် လူတွေပေါ်ရွာချလာပြီး ကားတွေပေါ်မှာပါ ပေကျန်နေစေခဲ့တဲ့ ဒီအနက်ရောင်မိုးကြောင့် တရုတ်ပြည်သူတစ်ရပ်လုံး အံသြထိတ်လန့်ခဲ့ရပါတယ်။
တရုတ်ပြည်ဟာ မကြာသေးမီအချိန်ကတည်းက လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေဟာ အဆိုပါ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ရောဂါတွေကို ခံစားနေရပြီး နှစ်စဉ်သေဆုံးလျက်ရှိပါတယ်။ ဖွံဖြိုးတိုးတက်ပြီးတိုင်းပြည်ဖြစ်တဲ့ တရုတ်မှာ မကြာသေးခင်က လေကောင်းလေသန့်ပါဝင်တဲ့ လေဘူးတွေကို ရှော့ပင်းစင်တာတွေမှာ ဝယ်ယူအသုံးပြုနေကြရတာဖြစ်ပါတယ်။
Nov 14 ရက်နေ့၊ မနက် ၈ နာရီခန့်က Hangzhou အရပ်မှာ နေထိုင်သူတွေဟာ ရုတ်တရက် အံသြခဲ့ကြရပါတယ်။ အကြောင်းကတော့ အနက်ရောင်မိုးရုတ်တရက် ရွာခဲ့လို့ပါပဲ။ လမ်းပေါ်မှာရှိမနေတဲ့ အိမ်ထဲကလူတွေဟာလဲ အပြင်မှာရပ်ထားတဲ့ သူတို့ရဲ့ကားမှာပေကျံနေတဲ့ အနက်ရောင်ရည်တွေကို ကြည့်ပြီး အံအားသင့်ခဲ့ရပါတယ်။
အကြောင်းရင်းကတော့ အဆိုပါအရပ်အနီးမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်စက်ရုံတစ်ရုံကို ဖြိုနေခဲ့တဲ့အတွက်ကြောင့်ပါ။ စက္ကူထုတ်တဲ့အဆိုပါစက်ရုံကို ဖြိုချနေတဲ့အချိန်မှာ မှင်တွေပါတဲ့ကန်ကို ဖြိုချခဲ့ပြီး Raw Petroleum ပေါင်ဒါတွေဟာ လေထုထဲကိုပြန့်ခဲ့ပြီး အနက်ရောင်မိုးအနေနဲ့ ရွာချခဲ့တာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစခန်းကလူတွေကတော့ အဆိုပါပေါင်ဒါဟာ အန္တရာယ်မရှိပါဘူးရယ်လို့ ထိတ်လန့်နေတဲ့ပြည်သူတွေကို ပြောကြားပေးခဲ့ပါတယ်။
Leave a Reply