ပျော်ရွှင်ပြီး သက်တမ်းကြာရှည်တဲ့ အိမ်ထောင်ဖြစ်ဖို့ အရေးကြီးအချက် (၅) ချက်

Affectionate young couple kissing in the city

အိမ်ထောင်သက်တမ်း ကြာရှည်ဖို့အတွက် လင်ရောမယားရောမှာ တာဝန်အပြည့်ရှိပါတယ်။ အိမ်ထောင်မှုဆိုတာ ဂရုတစိုက်ထိမ်းသိန်းနိုင်ကာမှ တော်ကာကျတာမျိုးပါ။ ဒီလိုမဟုတ်ရင်တော့ အိမ်ထောင်သက် (၁၀)နှစ်ဆိုတာလည်း ကွဲနိုင်ပြဲနိုင်ပါတယ်။ နှစ်(၂၀)လည်း ကွဲနိုင်ပြဲနိုင်တာပါဘဲ။ ဒါကြောင့် အိမ်ထောင်သက်တမ်း ကြာရှည်စေဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

 

(၁) ပွင့်ပွင့်လင်းလင်းဆက်ဆံရေးကို ထိန်းသိမ်းပါ

လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ထားတာ မကောင်းပါဘူး။ အရာရာကို လျှို့ဝှက်တတ်တဲ့အကျင့်ဆိုးရှိနေရင်လည်း ဖျောက်ပစ်နိုင်အောင် ကြိုးစားပါ။ လင်နဲ့မယား ပွင့်ပွင့်လင်းလင်းရှိမှ အိမ်ထောင်ရေးဟာ လွတ်လပ်ပေါ့ပါးပြီး ထိန်းသိမ်းရတာ လွယ်ကူပါမယ်။ အရာရာကို တိုင်တိုင်ပင်ပင် လုပ်တဲ့အခါ အမှားအယွင်း နည်းတော့ ပြဿနာနည်းတာပေါ့။

(၂) မဆိုင်တဲ့ပြဿနာတွေ အိမ်ထောင်ရေးထဲကို မထည့်သွင်းမိပါစေနဲ့

အိမ်ထောင်ရေးကိစ္စနဲ့ တိုက်ရိုက်မပတ်သက်တဲ့ ကိစ္စတွေကို အိမ်ထောင်ရေးပြဿနာအဖြစ် မဖန်တီးပါနဲ့။ တစ်ချို့တွေက မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ ခေါက်ချင်ကြပါတယ်။ တစ်ချို့သော အိမ်ထောင်ရှင်တွေက ပင်ကိုယ်ဝါသနာအရ ပြဿနာကို မီးခွက်ထွန်းရှာပြီး အိမ်ထောင်ရေးကို ရမယ်ရှာတတ်ပါတယ်။ ဒါမျိုးတွေကို ရှောင်ဖြစ်အောင် ရှောင်ဖို့လိုပါတယ်။

(၃) နားလည်မှုအပြန်အလှန်ပေးပါ
အရေးကြီးဆုံးကတော့ နားလည်မှုပါဘဲ။ နားလည်မှုမရှိရင် အိမ်ထောင်ရေးဆိုတာ ဘယ်လိုမှ ထိမ်းသိမ်းလို့ မဖြစ်နိုင်ပါ။ နားလည်မှုလွဲတာနဲ့ ပြဿနာတွေအပေါ်မှာ ချဉ်းကပ်ပုံချင်းလည်း လွဲသွားတော့တာပါပဲ။ ဒါကြောင့် နားလည်မှုဆိုတာ ရေရှည်ထိန်းသိမ်း တည်ဆောက်ရမယ့်အရာ ဖြစ်ပါတယ်။

(၄) သည်းခံပါ
ဘယ်သူမှားမှား ကိုယ်က သည်းခံ-ဆိုတာ အိမ်ထောင်ရေးအတွက်ဆို ပိုပြီး မှန်တယ်ပြောရမှာပါ။ ဒီလို သည်းခံစိတ်နှစ်ယောက်စလုံးမှာ ရှိနေရင် ဘာပြဿနာမှ ဖြစ်ဖို့ဆိုတာ မရှိတော့ပါဘူး။ တစ်ခါတလေ တစ်ဖက်သက် သည်းခံတာမျိုး ရှိတတ်ပါတယ်။ မိန်းမကိုယ်တိုင် ယောက်ျားသောက်ဖို့ အရက်ဝယ်ပေးရတာမျိုး-ကို မေးကြည့်တဲ့အခါ သူတို့က ပြန်ဖြေလိမ့်မယ်။ ချစ်လို့ ဆိုပြီးတော့ပေါ့။ အမှန်တော့ သည်းခံနိုင်လို့-ဆိုတာက ပိုမှန်ပါလိမ့်မယ်။

(၅) ကြင်ကြင်နာနာရှိပါစေ
နောက်ဆုံးအချက်က အကြင်နာတရားပါပဲ။ ချစ်လို့ယူထားတဲ့လူအချင်းချင်း မေတ္တာတုန်းသွားရင်လည်း ဒီအိမ်ထောင်ရေးက ဘယ် အဆင်ပြေနိုင်ပါတော့မလဲ။ ဒီတော့ အကြင်နာတရားကို ထိန်းသိမ်းထားရပါမယ်။ တကယ်သည်းခံနိုင်တဲ့ သူမှာ တကယ် အကြင်နာတရား ရှိပါတယ်။

 

source:sm

Be the first to comment

Leave a Reply

Your email address will not be published.


*