
တရုတ်နိုင်ငံရှိ လမ်းပေါ်သန့်ရှင်းရေးသမားတစ်ဦးဟာ သူ့ရဲ့သမီး အိမ်မက်အကောင်အထည် ဖော်နိုင်ရန် အတွက် လွန်ခဲ့တဲ့ခုနစ်နှစ်အတွင်း သူရဲ့အစားအစာများကိုကိုယ်ကျိုးစွန့်ခဲ့ပြီး ခေါက်ဆွဲနှင့်ဘန်းမုန့်ပေါင်းများကိုသာ စားသုံးခဲ့ပါတယ်။အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Hou Yanwei ဟာ သူ့သမီးXinxinရဲ့ ရည်မှန်းချက် အကြောင်းကို
Tencent.com တွင်တင်ထားတဲ့ ဗီဒီယိုအင်တာဗျူးတစ်ခု မှာပြောခဲ့ပါတယ်။ ကျွန်တော်ရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကျွန်တော်သမီးဟာ နိုင်ငံကိုယ်စားပြုအသင်းတွင် ပါဝင်ကစားနိုင်ရမယ် လို့ပြောထားပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင် ဇနီးဖြစ်သူ နှင့်ကွာရှင်းခဲ့ပြီးနောက် Xinxinလို့ခေါ်တဲ့ ၁၁နှစ်အရွယ်သမီးနှင့်အတူ တစ်လမှယွမ်၃၀၀ သာကုန်ကျတဲ့တိုက်ခန်းငယ်တစ်ခုမှာ ယခုထိနေထိုင်နေကြပါတယ်။ ၄နှစ်အရွယ်သာရှိတုန်းက Xinxinဟာ Wuhan ရုပ်ပိုင်းဆိုင်ရာပညာရေးဌာနမှာ ပညာသင်ယူနေချိန် ပထမဆုံး အကြိမ် သူမဟာ အားကစားမှာ စိတ်အားထက်သန်ကြောင်းကို သိခဲ့ရပါတယ်။
Chutain Metropolis Daily ရဲ့အဆိုအရကျွမ်းဘားလေ့ကျင့်ရေးသမားရဲ့ဖခင်ဟာ သူ့ကလေးကိုတစ်နေ့မှာ နိုင်ငံကိုယ်စားပြုအသင်းမှာ ပါဝင်ခိုင်းလိမ့်မယ်လို့ ဆိုထားပါတယ်။။XinXin ဟာ လေကျင့်ရေးကောင်းတဲ့အားကစားသမားတစ်ဦး ဖြစ်အောင် ဈေးကြီးပေးတက်ရတဲ့ သင်တန်းတွေကို တက်ကာ ကြိုးစားလေ့ကျင့်ရပါတယ်။ဒါကြောင့် လေ့ကျင့်ချိန်အတွင်း ကလေးရဲ့နှစ်စဉ်သင်တန်းကြေးမှာ ၁၄၀၀၀ ယွမ်အထိရှိပြီး နေ့စဉ်ကုန်ကျစရိတ်မှာတော့တစ်နှစ် ၃၀၀၀ ယွမ် အထိရှိနေပါတယ်။ကံမကောင်းစွာဖြင့် Hou ရဲ့တစ်လစာဝင်ငွေမှာ ယွမ် ၂၀၀၀ ဝန်းကျင်သာရရှိတာကြောင့် Hou ဟာ သူ့ရဲ့ ကိုယ်ပိုင် အသုံးစရိတ်ကို လျော့ချရန်ရွေးချယ်ပြီး မိမိရဲ့လိုအပ်ချက်များအတွက် တစ်ရက်ကို ယွမ် ၁၀ ထပ်မကျော်အောင် အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောပြထားပါတယ်။
“ကျွန်တော့်သမီး ကျွမ်းဘားကိုစလုပ်ကတည်းက ဈေးသိပ်မကြီးတဲ့ ခေါက်ဆွဲနဲ့ဘန်းမုန့်ပေါင်း စားဖို့ကျွန်တော်ရွေးချယ်ခဲ့ပါတယ်။ကျွန်တော်ဟာအရည်အချင်းပြည့်ဝတဲ့လူတစ်ယောက်မဟုတ်တဲ့အပြင် ကျွန်တော့်သမီးကိုလည်း ချမ်းသာတဲ့မိသားစုဘဝကို မပေးနိူင်ခဲ့ပါဘူး၊ဒါပေမယ့် သူ့ပညာရေးကောင်းဖို့အတွက် ခါးသီးတဲ့နာကျင်မှုကိုခံချင်တယ်” ဟု Hou ကဆိုပါတယ်။အနည်းဆုံးတော့သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက သမီးဖြစ်သူရဲ့ ဘဝကို သူ့ရဲ့ဘဝထက် ပိုမို ကောင်းမွန်လာစေနိုင်တယ်လို့လဲ ဆိုထားပါတယ်။
Leave a Reply