ရန်ကုန်မှာ ကိုဗစ် ကို အနိုင်ရရှိမည့် အနေအထားမြင်တွေ့နေရပြီ ဟု ဒေါက်တာဇော်ဝေစိုး ပြောပြီ

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုဗစ်ကို အနိုင်ရနိုင်မည့်အနေအထားကို မြင်တွေ့နေရပြီဟုထင် ပါကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက အောက်တိုဘာ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

“အခုအချိန်မှာ contain လုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ အခု ပြင်ဆင်ထားတဲ့စွမ်းရည်နှင့် ယခုထွက် လာတဲ့ positive ထွက်လာတဲ့လူနာအရေအတွက်ဟာဆိုရင် ကျွန်တော်တို့ ဘက်က အသာစီးရ နေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ရာမှာရော၊ စောင့်ရှောက်ကုသရာမှာရော နိုင်နိုင်နင်းနင်းရှိတယ်လို့ ပြောလို့ရပါတယ်။ ပြုစု စောင့်ရှောက်တဲ့ဝန်ထမ်းတွေ အနေနဲ့ကတော့ အစွမ်းကုန်ကြိုးစားနေရတဲ့အနေအထား ရှိပါတယ်။ နိုင်နိုင်နင်းနင်းဆောင်ရွက်လာနိုင်တဲ့အနေ အထားဟာ တစ်ပတ်လောက်ရှိပါပြီ။

ဒီလိုမျိုးသာ ပြည်သူလူ ထုတစ်ဦးတစ်ယောက်ချင်းစီ မကျန် အားလုံးကလိုက်နာဆောင်ရွက်မယ်ဆိုရင် ဒါကိုထိန်းထားပြီး အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ သုံးသပ်ရရင် containment strategy ဟာ အသာစီးရနေတဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် လက်မ ထောင်ဖို့မဟုတ်သေးပါဘူး။ အားလုံးစည်းစည်းလုံးလုံးညီညီ ညွတ်ညွတ် နဲ့ထိန်းသိမ်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ကိုဗစ် လူနာ ၇၀၀၀ ဝန်းကျင်ကုသနေရကြောင်း၊ ယင်းလူနာထဲမှ ၁၀ ရာခိုင်နှုန်း လူနာများသည် အောက်ဆီဂျင်လိုအပ်သော လူနာများဖြစ်ပြီး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့် ဆည်း ပေးထားကာ ဆေးဝါးများကို လည်း နိုင်ငံတကာစံနှုန်းများ အတိုင်းအသုံးပြုကုသနေသည့် အတွက်သေဆုံးနှုန်းများကို လည်း လျော့ချနိုင်မှာဖြစ်ကြောင်းလည်း ဒေါက် တာဇော်ဝေစိုးက ပြောကြားခဲ့ သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ လ ၆ရက်သတင်းအရ မြန်မာ နိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ ၂၀၀၃၃ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေ ၅၇၈၂ ဦး ရှိကာ သေဆုံးသူ ၄၇၁ ဦး ရှိပြီဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*