လက်တွဲဖော်အဖြစ် ဘယ်တော့မှ မသတ်မှတ်သင့်တဲ့ မိန်းကလေး အမျိုးအစား(၅)မျိုး

 

ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် နှစ်တွေအကြာကြီးတွဲလာပြီးရင် များသောအားဖြင့် တစ်ချိန်ချိန်မှာ လက်ထပ်လေ့ရှိကြပါတယ်။ လက်ထပ်တယ်ဆိုတာ ကိုယ်နဲ့သူနဲ့ နှစ်ယောက်တည်း ပေါင်းဖက်ရတာမျိုးမဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်နဲ့ သူ့ပတ်ဝန်းကျင် နှစ်ခုပါ ပေါင်းရတာဖြစ်လို့ အစစအရာရာ သတိထားဖို့ လိုအပ်ပါတယ်။ ဒီတစ်ခါမှာတော့ ယောကျ်ားလေးတစ်ယောက်နေရာကနေ ဘယ်လိုမိန်းကလေးမျိုးတွေကို ကိုယ့်ဘဝလက်တွဲဖော်အဖြစ် မသတ်မှတ်သင့်ဘူးလဲဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ နေပြီးတော့ ရေးသားတင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်တစ်ခု တည်ထောင်ရမယ်ဆိုရင် အစစအရာရာ သေချာစဉ်းစားပြီးမှ အိမ်ထောင်တစ်ခုကို ထူထောင်စေချင်လို့ပါပဲ။

၁။ ကိုယ်ပတ်ဝန်းကျင်ကို အလေးမထားတတ်တဲ့ မိန်းကလေးမျိုးတွေကို ရှောင်ပါ။ တစ်ချို့မိန်းကလေးတွေဟာ သူ့ပတ်ဝန်းကျင်ကလူတွေကို ကိုယ်က အလေးပေးဆက်ဆံတာကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်ကလူတွေဖြစ်တဲ့ ကိုယ့်မိဘတွေ၊ ကိုယ့်ဘော်ဒါတွေကိုကျတော့ စကားပြောရင်ကအစ မပြောချင်သလို ပြောချင်သလိုနဲ့၊ သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုလည်း အမြဲလိုလို ပူညံပူညံလုပ်၊ ကိုယ့်ပတ်ဝန်းကျင်အရှေ့ရောက်ရင် ကိုယ့်ကိုဘယ်လောက်နိုင်ကြောင်း အာဏာတွေ ထုတ်သုံးပြ အစရှိတဲ့ အပြုအမူတွေနဲ့ မိန်းကလေးဆိုရင်တော့ ဘဝလက်တွဲဖော်အဖြစ် ယောင်လို့တောင် မစဉ်းစားမိပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ ယူပြီးသွားရင် တစ်သက်လုံး ကိုယ့်ပတ်ဝန်းကျင်နဲ့ သူ့ကြားထဲမှာ ကိုယ်ပဲစိတ်ညစ်နေရမှာပါ။

၂။ အရာရာကို သံသယတွေ အမြဲဝင်နေတတ်တဲ့ မိန်းကလေးမျိုးတွေကိုလည်း ရှောင်တာ အကောင်းဆုံးပါ။ တစ်ချို့မိန်းကလေးတွေက ကိုယ်ဘာလုပ်လုပ် အမြဲတမ်းကို သံသယတွေ လွန်ကဲနေတတ်ပါတယ်။အဓိကကတော့ ကိုယ့်ကို မယုံတာပါ။ ယုံကြည်မှုမရှိတဲ့ Relationship တစ်ခုဟာ ရေရှည်မှာ ဘယ်တော့မှ ကောင်းမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်က ဘယ်လောက်ပဲ အနေမှန်အောင်နေနေ၊ ကိုယ်လုပ်သမျှအရာတိုင်းကို သံသယလိုက်ဝင်နေတတ်တဲ့ မိန်းကလေးမျိုးကိုလဲ ဘဝလက်တွဲဖော်အဖြစ် မသတ်မှတ်သင့်ပါဘူး။

၃။ နောက်တစ်ခုကတော့ အရာရာကို မဖြစ်ခင်ကတည်းက တွေးတွေးပြီး ကြောက်နေတတ်တဲ့ မိန်းကလေးမျိုးပါ။ တစ်နည်းအားဖြင့် Negativie thinking တွေနဲ့ ပြည့်နှက်နေတဲ့ မိန်းကလေးမျိုးပါ။ လက်ထပ်ရမှာကိုတွေးပြီး ကြောက်နေတတ်တဲ့ မိန်းကလေးတွေ၊ လက်ထပ်ပြီးရင် အစစအရာရာ အဆင်ပြေပါ့မလား စိုးရိမ်နေတတ်တဲ့ မိန်းကလေးမျိုးတွေကို သတိထားပါ။ တစ်ခါနှစ်ခါ စိုးရိမ်တာကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် မေးလိုက်တဲ့အခါတိုင်း စိုးရိမ်နေတတ်တာတွေ၊ Negative thinking တွေ အချိန်ပြည့်ရှိနေတတ်တာမျိုးတွေကတော့ မကောင်းပါဘူး။

 

၄။ ကိုယ့်ကို လိမ်တတ်တဲ့ မိန်းကလေးမျိုးကိုလဲ ရှောင်တာ အကောင်းဆုံးပါပဲ။ နှစ်တွေအကြာကြီးတွဲလာပြီးမှ စိတ်ပင်ပန်းတယ်၊ ခဏလောက် Break ယူကြရအောင်လို့ပြောပြီးမှ နောက်ကွယ်မှာ တစ်ခြားတစ်ကောင်နဲ့ ဒိတ်နေတဲ့အကွက်တွေတော့ မလုပ်ပါနဲ့။ ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ကောင်ကို ချက်ချင်းကြီး စိတ်ထဲ အစားထိုးလို့ရနေမှာတော့ ကိုယ်ကချစ်ပြီး ပြန်လက်ခံခဲ့ရင်တောင်မှ တစ်ချိန်မှာ ဒီလိုကိစ္စမျိုး ထပ်ပြီးမဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။

၅။ ကိုယ့်ကို အမြဲလိုလို နှိမ့်ချတတ်တဲ့ မိန်းကလေးမျိုးကိုလည်း ကိုယ့်ဘဝလက်တွဲဖော်အဖြစ် မရွေးမိပါစေနဲ့။ ကိုယ်ဘာလုပ်လုပ် ကိုယ့်ကို အထင်မကြီးတတ်တဲ့ မိန်းကလေးမျိုးတွေ၊ အထင်မကြီးတဲ့အပြင် စကားတွေနဲ့ အမြဲလိုလို နှိမ့်ချပြောဆိုတတ်ပြီး ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုကို ယုံကြည်မှု လုံးဝပျေက်သွားနိုင်တဲ့အထိ ပြောဆိုနိုင်တဲ့ မိန်းကလေးမျိုးတွေကို အထူးရှောင်ပါ။ အဲဒီလို မိန်းကလေးမျိုးတွေက Toxic girlfriend တွေပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*