တောင်တက်တိုင်း ဘီကီနီနဲ့ဓာတ်ပုံရိုက်တဲ့ အမျိုးသမီး အခုအခါ ဧဝရတ်ထိပ်ရောက်ခဲ့ပြီ

ထိုင်ဝမ်ကအမျိုးသမီးတွေကြားမှာ တောင်တက်ပြီး တောင်ထိပ်ရောက်ရင် ဘီကီနီနဲ့ဓာတ်ပုံရိုက်တာမျိုးတွေ ၂၀၁၅ ခုနှစ်လောက်ကတည်းက ခေတ်စားနေခဲ့တယ်နဲ့တူပါတယ်။ အခုလည်း အမျိုးသမီးတစ်ယောက်က ဧဝရတ်တောင်ထိပ်မှာ ဘီကီနီနဲ့ဓာတ်ပုံရိုက်နေတဲ့ ထိုင်ဝမ်အမျိုးသမီးတစ်ယောက်ရဲ့ပုံဟာ Facebook ပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။


Asia One ရဲ့ဖော်ပြချက်အရ ဓာတ်ပုံဟာ တောင်တက်တဲ့ဓာတ်ပုံဆရာတစ်ယောက်မှ သူ့ဟာသူ တခြားလူနဲ့ဓာတ်ပုံရိုက်နေတာကို မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက် မျက်နှာကတော့ ဝိုးတိုးဝါးတားပါပဲတဲ့။ ပြီးခဲတဲ့ကြာသပတေးနေ့တုန်းကတင်ခဲ့တဲ့ ဓာတ်ပုံဆရာရဲ့ ပို့စ်အရတော့ အမျိုးသမီးဟာ ဧရဝတ်တောင်ထိပ်ကိုရောက်ရောက်ချင်းပဲ အဝတ်အစားတွေကို ချွတ်ပစ်ခဲ့ပြီး အခုလိုဘီကီနီနဲ့ဓတ်ပွုံရိုက်ခဲ့တာပါတဲ့။
သူကတော့ အနုတ် ၆ ဒီဂရီစင်တီဂရိတ်လောက်ရှိတဲ့ အေးဒဏ်ကိုအံတုရင်း အခုလိုဘီကီနီနဲ့ စိန်ပြေနပြေဓာတ်ပုံရိုက်နေတဲ့အမျိုးသမီးကိုကြည့်ရင်းသဘောကျမိတဲ့အတွက် မှတ်တမ်းတင်လာခဲ့တာပါတဲ့။ ထိုင်ဝမ်အမျိုးသမီးတစ်ယောက်ဆိုတာ သူမပါးစပ်ကမပြောလည်းဘဲ အလံနဲ့ဝတ်ထားတဲ့ဘီကီနီကိုကြည့်ရင် အသိသာကြီးပါ။ ဘီကီနီကိုက ထိုင်ဝမ်အလံပုံစံနဲ့လေ။

聖母峰基地營走了7天,終於來到起點世界之巔「聖母峰」,就是從這裡開始登山愛好者越過那冰河往海拔8848公尺高山上走去那需要多少的勇氣及準備我無法估量現在的我,能平安且拍滿足走到起點已是最大的喜悅了。我以為,聖母峰基地營…

Posted by 攝界 敏平方 on Thursday, October 31, 2019

ကားသွေားပြောကြည့်တဲ့အခါမှာတော့ အမျိုးသမီးအနေနဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ကြီးတွေကိုတက်ကာ ဒီလိုစခန်းတွေရောက်တိုင်း ဘီနီကီနဲ့ဓာတ်ပုံရိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့သူတစ်ယောက်ဆိုတာ ဓာတ်ပုံဆရာသိလိုက်ရပါတယ်တဲ့။ အဲဒီတောင်တွေကို 7 Summits လို့ခေါ်ပါတယ်။ တောင်တွေကတော့ အာရှတိုက်ရဲ့ ဧဝရတ်တောင်၊ တောင်အမေရိကရဲ့ Aconcagua တောင်၊ မြောက်အမေရိကရဲ့ Denali တောင်၊ အာဖရိကရဲ့ Kilimanjaro တောင်၊ ဥရောပမှာရှိနေတဲ့ Blanc တောင် သို့မဟုတ် Elbrus တောင်၊ အန္တာတိကမှာရှိနေတဲ့ Vinson Massif တောင်၊ Oceania မှ Puncak Jaya သို့မဟုတ် Mont Wilhelm တောင်၊ သြစတေးလျမှာရှိနေတဲ့ Koscuiszkko တောင်တို့ပဲဖြစ်ပါတယ်။

သူမအနေနဲ့ ဒီလိုနိုင်ငံအလံပါ ဘီကီနီနဲ့တောင်ထိပ်တွေပေါ် ပင်ပင်ပမ်းပမ်းတက်ပြီး ဓာတ်ပုံရိုက်ရခြင်းဟာ ထိုင်ဝမ်အမျိုးသမီးတွေဟာလည်း သန်စွမ်းပါတယ်ဆိုတာကို အဓိကပြချင်တဲ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေကို ပိုလုပ်လာအောင် ကမ္ဘာကြီးက ဒီလောက်တောင်လှပါလားဆိုတာကို တော်ရုံလူတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မခံစားရတောင် ဓာတ်ပုံလေးတွေကြည့်ပြီး ခံစားလို့ရအောင် ရည်ရွယ်နေလျက်ရှိပါတယ်။ အခုတက်ခဲ့တဲ့ ဧဝရိတ်တောင်ကတော့ မြေပြင်နဲ့ဆိုရင် ၈၈၄၈ မီတာတောင် အမြင့်ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*