မဖြစ်မနေ သိထား သင့်တဲ့ အိမ်တွင်း ပစ္စည်း အချို့ ရဲ့ သက်တမ်း ကုန်ဆုံး ရက်များ…

အိမ်တိုင်းမှာ လုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာ သုံးစွဲတာ၊ တစ်ခုခု ပျက်စီးသွားရင်ပြန်ပြီး သုံးမယ်ဆိုပြီးလွှင့်မပစ်ရက်ပဲသိမ်းထားတာတွေ၊ အသစ်မလဲပဲပစ္စည်းဟောင်းတွေကို အထပ်ထပ်သုံးစွဲနေတာမျိုးတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင်အိမ်ကို ထိန်းသိမ်းတဲ့သူတွေ လုပ်တတ်တဲ့ အယူအဆ အမှားတွေလည်း ရှိနေပါသေးတယ်။ သက်တမ်းကုန်ဆုံးရက်မရှိဘူးထင်ပြီးပစ္စည်းတွေကို သုံးစွဲတာတွေ ရှိနေတာကြောင့်အိမ်တွင်းပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော်

(၁) သွားတိုက်တံ

သွားနှင့် ခံတွင်းကျန်းမာရေးအတွက်သွားဆရာဝန်တွေကသွားတိုက်တံကို ၃ လကိုတစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။ ၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါ သွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊ရောဂါပိုးတွေကပ်ညိနိုင်ခြေအများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင် မသုံးသင့်ပါဘူး။

(၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ


ပုဝါတွေကတော့အချိန်ကြာကြာ အသုံးပြု လို့ရပါတယ်။ ဒါပေမယ့် သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေး အတွက်ပုဝါတွေကိုတစ်နှစ်နှစ်နှစ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။

(၃) ဘီး

ဘီးတွေကိုအိမ်တွေမှာ နှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။ ဒါပေမဲ့ ဘီးတွေကို နှစ်တိုင်းအသစ် တစ်ချောင်းလဲပေးသင့်သလိုအပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၄) ခေါင်းအုံး

အိမ်တွေ အတော်များများ ကခေါင်းအုံးတွေကို နှစ်ပေါင်များစွာကြာအောင်သိမ်း ဆည်းအသုံးပြုကြပါတယ်။ ဒါပေမဲ့ခေါင်းအုံးတွေက နှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန် ပျက်ယွင်းလာပြီးပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေခိုအောင်းရာနေရာဖြစ်လာပြီး

သင့်ကျန်းမာရေးအတွက် ထိခိုက်နိုင် ပါတယ်။ ဒါကြောင့်ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲအသစ်လဲလှယ်ပေးခြင်းကအိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါအထောက်အကူ ဖြစ်စေပါတယ်။

(၅) ေရေမွှး

ရေမွှေးကိုနှစ်တွေ အကြာကြီးသုံး လို့ရတဲ့ အရာလို့ သင်သိထားရင်တော့အဲ့ဒီအသိကမှားပါတယ်။ရေမွှေးတွေကိုပုလင်းအဖုံးဖွင့်ပြီးရင်ဖွင့်တဲ့အချိန်ကနေတစ်နှစ် နှစ်နှစ်ကြာအောင်သုံးစွဲနိုင်ပါတယ်။ ပု လင်းအသစ်ဆိုရင်တော့သူတို့ရဲ့ သက် တမ်းက ၃ နှစ်ဖြစ်ပါတယ်။

(၆) အမျိုးသမီး အပေါ်ဝတ်အတွင်းခံ

အမျိုးသမီးအတွင်းခံ အဝတ်တွေကိုပုံမှန် လျှော်ဖွတ်ရတဲ့အဝတ် အစားထဲမှာပါဝင်ပါတယ်။ အတွင်းဝတ်တွေကို နှစ်ကြာကြာ မသုံးသင့်ပါဘူး။ တစ်နှစ်နှစ်နှစ်ထက် ပိုကြာတဲ့အခါသူတို့ ကလျော့ရဲမှုတွေ ရှိလာသလိုပုံစံတွေလည်းပျက်သွားတတ်ပါတယ်။

ဒါ့အပြင်ရင်သားကို ပုံစံတကျ ထိန်းနိုင်မှုကို လည်းလျော့ကျ သွားတာကြောင့် ၂ နှစ်ထက်တော့ပိုမဝတ်ဆင်သင့်ပါဘူး။

(၇) ဟင်းခတ် အမွှေးအကြိုင်

အိမ်ထောင်ရှင်မအများစုက ဟင်းခတ်ပစ္စည်းတွေအခြောက် အခြမ်းတွေကို ကြာရှည်စွာသိုလှောင်ထားပြီးလိုတဲ့အခါ ထုတ်ချက်တာမျိုးတွေလုပ်တတ်ကြပါတယ်။

တကယ်တမ်းမှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးနှစ်ထက်ပိုပြီး မသိုလှောင်ထားသင့်သလို ၃ နှစ်ထက်ကျော်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်းမသုံးစွဲသင့်ပါတယ်။

ဒီကာလကို ကျော်သွားရင်ဟင်းခတ်အမွှေးအကြိုင်တွေရဲ့အာနိသင်တွေကပျက်သွားတာကြောင့်မသုံးသင့်ပါဘူး။အားလုံးပဲ သန့် ရှင်းပြီးစနစ်ကျတဲ့အိမ်တွေဖြစ်အောင်ဖန်တီးနိုင်ကြပါစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*