ဗိုက်အဆာခံပြီးအိမ်မပြန်ပဲကျောင်းမှာညအထိနေတဲ့ကျောင်းသားရဲ့တကယ့်ရင်နင့်ဖွယ်ရာအဖြစ်မှန်ကတော့

ဗိုက်အဆာခံပြီးအိမ်မပြန်ပဲကျောင်းမှာညအထိနေတဲ့ကျောင်းသားရဲ့တကယ့်ရင်နင့်ဖွယ်ရာအဖြစ်မှန်ကတော့…

ဖိလစ်ပိုင်နိုင်ငံက အထက်တန်းကျောင်းသားကောင်လေးတစ်ဦးဟာ ကျောင်းဆင်းရင်အိမ်မပြန်ပဲ ည၈နာရီလောက်ထကျောင်းခန်းထဲမှာတစ်ယောက်တည်းကျန်ကျန်ခဲ့လေ့ရှိပါတယ်။ တစ်ခြားသူတွေပြန်သွားပင်မဲ့ဗိုက်အဆာခံပြီး ကျိတ်မှိတ်စာလုပ်နေတတ်တဲ့ကျောင်းသားလေးကိုတွေ့ပါများတဲ့ဆရာမက မနေနိင်တော့တဲ့အဆုံးမေးကြည့်ရာမှာတော့ ဆရာမရဲ့မျက်ရည်တွေ ဖြိုင်ဖြိုင်ကျခဲ့ပါတယ်။

သူအခုလိုနေရတာဟာ ကျောင်းကဆရာမတွေပေးတဲ့အိမ်စာကို ပြီးအောင်လုပ်ဖို့ဖြစ်ပါတယ်၊ ဘာလို့ကျောင်းမှာလုပ်ရတာလဲဆိုတာကတော့သူနေတဲ့ နေရာမှာ မီးမရှိတဲ့ဆင်းရဲသားရက်ကွက်တစ်ခုဖြစ်တာကြောင့်ကောျင်းမှာသာစာကောင်းကောင်းလုပ်လို့ရတာမလို့ကျောင်းမှာပဲအဆာခံပြီးတစ်နေ့အိမ်စာတစ်နေ့ပြီးအောင်လုပ်တာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ ကလေးလေးခဗျာ ဆာရက်နဲ့ နေ့တိုင်းကျောင်းမှာ စာမပြီးဆိုတာမရှိရလေအောင်ကိုယ့်တာဝန်ကို ကိုကျေပွန်ချင်တဲ့စိတ်လေးနဲ့လုပ်တာဟာချီးကျူးစရာပါပဲ။

အိမ်မှာမီးမရှိလို့စာမလုပ်ခဲ့ရဘူးဘာညာဆိုတဲ့အကြောင်းပြခ ျက်မျိုးမပေးချင်ပဲမရရရင် ရတဲ့နေရာမှာလုပ်မယ်ဆိုတဲ့စိတ်လေးနဲ့ကြိုးစားခဲ့တဲ့ကလေးလေးကိုကြည့်ပြီးဆရာမရင်ထဲထိရှခဲ့ပါတယ်။ သူ့တပည့်လေးရဲ့ပုံနဲ့လုပ်ရပ်ကို Social Media ပေါ်တင်ပြီးချီးကျူးခဲ့ရာကနေ ကောင်လေးရဲ့ အကြောင်းဟာဖိလစ်ပိုင်တစ်ခွင် နာမည်ကြီးသွားခဲ့ပါတယ်။ ကျောင်းသားတွေကြားလည်းအတုယူစရာကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်…ကြိုးစားချင်စိတ်ရှိတဲ့သူအတွက်အကြောင်းပြချက်ဆိုတာမရှိပါဘူး။

လိုချင်တဲ့သူအတွက်မရနိုင်တဲ့အရာဆိုတာရှားပါတယ်။ တကယ်လုပ်ရင်တော့တကယ်ရတတ်ကြတာကြီးပါပဲ…

 

Be the first to comment

Leave a Reply

Your email address will not be published.


*