သင့်ချစ်သူ သင့်လက်ကို ကိုင်တဲ့ပုံစံကနေပြောနေတဲ့ သင့်တို့စုံတွဲအကြောင်း

ချစ်သူတိုင်းက ကိုယ်ချစ်ရသူရဲ့လက်ကိုကိုင်ပုံချင်းမတူတတ်ကြပါဘူး။ တချို့ စုတ်ကိုင်ထားတတ်တယ်။ သင့်ချစ်သူ သင့်လက်ကို ဘယ်လိုပုံစံမျိူးကိုင်လဲဆိုတာ ပုံလေးကိုကြည့်ပြီးရွေးပေးပါ။ ဒါမှ သင့်ချစ်သူ သင့်လက်ကို ကိုင်တဲ့ပုံစံကနေ သင့်တို့နှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို သိနိုင်မှာပါ။


#1 လိုပုံစံ သင့်လက်ကို ကိုင်တယ်ဆိုရင်တော့ သင်တို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်ကြတယ်။ လက်သန်းလေးတွေ ချိတ်ကိုင်ထားတဲ့ပုံစံက ကတိပေးတဲ့ပုံစံမျိုးဖြစ်နေလို့ သင့်ကို တစ်သက်လုံးချစ်သွားမယ်ဆိုတဲ့သဘောမျိုးပါ။

#2 လိုပုံစံနဲ့ သင်ချစ်သူက သင့်လက်ကို ကိုင်မယ်ဆိုရင်တော့ သင့်တို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူတွေနဲ့ လက်တွဲနေကြတာပဲဖြစ်တယ်။ (၂) ရဲ့လက်ကိုင်တဲ့ပုံစံမျိုးက နွေးထွေးတဲ့ပုံစံမျိုးပါ။ ဒီလက်ကိုင်ပုံစံမျိုးနဲ့ဆိုရင် သင့်တို့်အတွက် အပေါ်ယံတွေမလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်ဆိုတာသိနေလို့ပဲဖြစ်တယ်။

#3 လိုပုံစံမျိုးနဲ့ဆိုရင်တော့ သင့်ချစ်သူက သင့်ကို သစ္စာရှိရှိချစ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပဲဖြစ်တယ်။ တစ်ယောက်ကို တစ်ယောက်လည်း လက်တွဲမဖြုတ်ချင်လောက်အောင် တစ်ယောက်လက် တစ်ယောက် စုတ်ကိုင်ထားတဲ့ပုံစံမျိုးနဲ့ သင့်လက်ကို ကိုင်ထားမယ့်ဆိုရင်တော့ သူသင့်ကို အရမ်းတစ်သက်လုံးချစ်သွားမယ်ဆိုတဲ့ သဘောမျိုးပဲဖြစ်တယ်။

#4 လိုပုံစံမျိုးနဲ့ သင့်လက်ညှိုးလေးတွေနဲ့ချိတ်ပြီး ကိုင်မယ်ဆိုရင်တော့ သင်ကိုချစ်တော့ချစ်ပေမယ့် ရည်မှန်းချက်ကြီးတဲ့ပုံစံမျိုးပဲဖြစ်တယ်။ ဒီလိုပုံစံလက်ကိုင်တဲ့ သင်တို့ချစ်သူနှစ်ယောက်လုံးက ရည်မှန်းချက်ကြီးပြီး အလုပ်ကြိုးစားကြတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်လည်း တွေ့ချိန်လိုနေတတ်ကြတယ်။

#5 လိုပုံစံမျိုးနဲ့ သင့်လက်ကို ကိုင်မယ်ဆိုရင်တော့ သင့်ကို ဘယ်ကိစ္စမဆို ခွင့်လွှတ်ပြီးချစ်သွားမယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်တယ်။ သင့်တို့ နှစ်ယောက်ကြားမှာ အမှားတွေရှိခဲ့မယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်တတ်ကြပြီး ပျော်ပျော်ရွင်ရွင်ပဲ လက်တွဲသွားတတ်ကြတယ်။

#6 လိုပုံစံမျိုးနဲ့ သင့်ချစ်သူက သင့်လက်ကို မကိုင်ဘူးဆိုရင် အကြောင်းတစ်ခုခုရှိနေတာ သေချာပါပြီ။ လက်မကိုင်ဖြစ်တာက သင့်တို့ RS ကို ထိခိုက်လာနိုင်ပါတယ်။ သင့်လက်ကို သင့်ချစ်သူက မကိုင်ဘူးဆိုရင် သင့်တို့နှစ်ယောက်စလုံး အနေအေးသွားကြတာလည်း ဖြစ်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*