
ကိုဗစ်ကြောင့် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ သေဆုံးကြရတယ်ဆိုတဲ့ သတင်းတု တွေ ဒီမနက်မှာ အများကြီးတက်လာပါတယ်။ နာမည်တွေ၊ ရာထူးတွေကိုပါတပ်ပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေပါ။
လူသိများတဲ့ ပါမောက္ခဆရာမကြီးတစ်ဦးနာမည်ကိုပါသုံးပြီး သတင်းအမှားတွေတင်နေပါတယ်။ အင်္ဂလိပ်လို အရေးအသားသေသေသပ်သပ်နဲ့ သတင်းရေးနည်းရေးဟန်အတိုင်း တင်နေကြတာတွေပါရှိပါတယ်။ ကြောက်စရာကောင်းပါတယ်။ ရည်ရွယ်ချက်ရှိရှိကို တပြိုင်နက်တည်း၊ အချိန်ကိုက် လုပ်လာကြတာပါ။
လက်ရှိအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ လွဲမှားနေတယ်၊ ပြည်သူတွေ ထိခိုက်နစ်နာနေရပြီဆိုပြီး ပုံဖျက်ချင်တာပါ။ ပြည်သူတွေထိတ်လန့်ခြောက်ခြားအောင် ရည်ရွယ်ချက်နဲ့လုပ်နေကြတာပါ။ ကိုးဗစ်ကာလစိန်ခေါ်မှုတွေနဲ့ လာမယ့်ရွေးကောက်ပွဲကိုပါ အကြပ်အတည်းတွေ့အောင် အချိန်ကိုက်ပြီး လုပ်နေကြတာပါ။
ဘယ်သူတွေလဲဆိုတာကတော့ အားလုံးလည်းသိကြမှာပါ။ သတင်းမှားတင်တဲ့သူတွေရဲ့ ပရိုဖိုင်းတွေနဲ့၊ သူတို့တင်တဲ့ပို့စ်တွေ၊ ဆက်စပ်နေတဲ့ပေ့ချ်တွေ၊ ပရိုဖိုင်းတွေကို လိုက်ကြည့်လိုက်ရင် သိသာပါတယ်။
ထောင်ချောက်ထဲမဝင်ကြပါနဲ့။ အားလုံးပဲ သတိရှိကြပါ။ (Okka Kyi Winn)
Leave a Reply