သင် မထင်ထား တဲ့ ရွှေဝတ်ဆင်ခြင်း က ကျန်းမာရေး ကို အကျိုးပြုနိုင် သည့် အချက် (၅) ချက်

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ လူတွေရဲ့အလှအပတန်ဆာအဖြစ် ရွှေနဲ့တန်ဆာဆင်ကြသလို ရည်ရွယ်ချက်သတ်သတ်မှတ်မှတ်ရယ်မရှိဘဲ ဆွဲဆောင်မှုရှိဖို့သက်သက်သာ ဝတ်ဆင်တတ်ကြပါတယ်။ခေတ်သစ်ယဉ်ကျေးမှုမှာတော့ ရွှေလက် ဝတ်ရတနာတန်ဆာအဖြစ်ကျန်ရှိနေတာတွေ့နိုင်သေးသလိုပဲ အလှအပနဲ့ ကျန်းမာရေးအတွက် ထိရောက်မှုရှိစွာ အကျိုးရှိတာကိုပါ သိလာကြပါတယ်။ရှေးခေတ်တွေတုန်းကတော့ ရွှေက ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာအတွက်လည်း အသုံးဝင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ လူတွေရဲ့ကျန်းမာရေးအတွက် ကောင်းတဲ့ဘက်က အကျိုးသက်ရောက်မှုရှိပါတယ်။ရွှေကို သာမန်ကျန်းမာရေးပြဿနာလေးတွေမှာလည်း အသုံးပြုနိင်ပါတယ်။အနည်းဆုံးတော့ အဆိပ်အတောက်ဖြစ်စေတဲ့အရာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ထိတွေ့သည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ရွှေက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိစေသလဲ ဖတ်ကြည့်လိုက်ရအောင်။

(၁) အဆစ် အမြစ်ရောင်ရမ်းခြင်း လက္ခဏာများ အတွက် ကုသနိုင်ခြင်း

အဆစ် အမြင်ရောင်ရမ်းတဲ့ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ ရွှေကို အသုံးပြုကြတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။၂၄ကာရတ်ရှိတဲ့ ရွှေကို အရေပြားမှာ တိုက်ရိုက်ထိတွေ့စေခြင်းက အဆစ်အမြစ်ရောင်ရောဂါတွေ သိသာစွာ သက်သာမှုရှိလာပါတယ်လို့ သုတေသီများက ဆိုကြပါတယ်။

(၂) ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု နာကျင်ခြင်းအတွက် ကုသနိုင်ခြင်း

ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုနာကျင်ခြင်း၊ အနာတရဖြစ်ခြင်း ကြုံတဲ့အခါ ရွှေနဲ့ ပွတ်လိမ်းခြင်းက အနာကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ရွှေရဲ့သဘာဝအရ သွေးကြောတွေကို ပြေလျော့သက်သာစေနိုင်ပြီး သွေးစီးဆင်းမှုကို ပိုပြီးကောင်းမွန်စေပါတယ်။အဲဒါကြောင့် ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှုပိုကောင်းလာလို့ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေမှာ အောက်ဆီဂျင်ပိုရလာစေပါတယ်။

(၃) ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း

ရွှေက ခန္ဓာကိုယ် အပူချိန်ကို ပုံမှန်ဖြစ်စေ ပါတယ်။ ခန္ဓာကိုယ် ရဲ့အပူချိန် မျှတတဲ့အခါ လူတစ်ယောက်ရဲ့ခုခံစွမ်အားလည်း ပိုတိုးလာစေပါတယ်။အဲဒါကြောင့် သာမန်ဖျားနာခြင်း၊ နှာချေခြင်း၊ အအေးပတ်ခြင်း၊ ညဘက်ချွေးစေးထွက်ခြင်း နဲ့ အပူကြီးခြင်းများကို ကူညီပေးနိုင်ပါတယ်။

(၄) အရေပြားကျန်းမာရေးထိန်းသိမ်းဖို့ အသုံးဝင်ခြင်း

ရှေးခေတ် အီဂျစ်ဘုရင်မ ကယ်လီယိုပတ်ထရာက သန့်စင်တဲ့ရွှေနဲ့ သူမရဲ့အရေပြားကို နုပျိုနေအောင် ထိန်းသိမ်းခဲ့တယ်လို့ ဆိုကြပါတယ်။ရှေးခေတ် ရောမအင်ပါယာတွင် ရွှေကို အမျိုးမျိုးသော အရေပြားကျန်းမာရေးနဲ့ ကူးစက်မှုတွေအတွက် ကုသဖို့ အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ရွှေရဲ့ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကြောင့် အရေပြားအတွက် အကျိုးရှိစေပါတယ်။ဒီနေ့ခေတ်မှာဆိုရင်လည်း တစ်ချို့သော ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်အချို့မှာ သန့်စင်တဲ့ရွှေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ အရေပြားတောက်ပမှုနဲ့ လှပမှုအတွက် ရွှေ ကို အသုံးပြုလာကြပါတယ်။

(၅) ကိုယ့်ကိုကိုယ်ပိုပြီး တန်ဖိုးရှိလာသလို ခံစားရစေခြင်း

လူအတော်များများက သန့်စင်တဲ့ရွှေကို နှစ်သက်တတ်ကြပါတယ်။ ဖက်ရှင်အမြင်နဲ့ပဲဖြစ်ဖြစ် အဆင်တန်ဆာအနေနဲ့ပဲဖြစ်ဖြစ် ရွှေကို ဝတ်ဆင်ထားသူ၊ပိုင်ဆိုင်ထားသူအနေနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုပိုရှိလာသလို ခံစားရစေပါတယ်။ အချို့ကတော့ သူတို့ပိုင်ဆိုင် တဲ့ရွှေထည်ပစ္စည်းတွေကို မြင်ရတာနဲ့တင် ပျော်နေတတ်ကြပါတယ်။အမှန်တကယ်တော့ ထိုခံစားချက်က ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှုရှိလာခြင်း၊ ပိုတန်ဖိုးထားတတ်လာခြင်း၊ ပိုတန်ဖိုးရှိလာသလိုခံစားတတ်လာခြင်း၊ပျော်ရွှင်တတ်လာခြင်း စတဲ့ခံစားချက်တွေကြောင့်ပဲ စိတ်ဖိစီးမှုတွေ ကို ပြေလျော့စေနိုင် တာပေါ့။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အကောင်းဘက်ကို ပြောင်းလဲပေးနိုင်တာပေါ့။အဲဒါကြောင့် ရွှေကို အရင်းအနှီးတစ်ခုအနေနဲ့ စုဆောင်းထားခြင်းက သင့်အတွက် စိတ်ပိုင်းဆိုင်ရာခံစားချက်လည်း ပိုကောင်းမွန်စေနိုင်သလို၊ စီးပွားရေး အတွက် အရင်းအနှီးလည်း ဖြစ်စေပါတယ်။အားလုံးပဲ ရွှေများကိုဖောဖောသီသီဝတ်စားဆင်ယင်နိုင်ပြီး ကိုယ်၏ကျန်းမားခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမနွ်ကောင်းတောင်းပေးလိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*