
သူမရဲ့အဖြစ်အပျက်ကိုကြားပြီး သင်ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ 2007 ခုနှစ်တုန်းက Gemma Sheridan အမည်ရ အမျိုးသမီးဟာ သူမရဲ့သူငယ်ချင်းနှစ်ယောနဲ့အတူ မွေးရပ်မြေ Liverpool မြို့ကို ပြန်ခဲ့တဲ့အချိန် အတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းမိပြီး သဘောင်္ပျက်စီးပြီး ပင်လယ်ထဲမျောပါသွားခဲ့ပါတယ်။ သူမသတိရလာတဲ့အချိန်မှာတော့ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်ရှိနေခဲ့တာဖြစ်တယ်လို့ Gemma ကနေ သူမရဲ့ဇာတ်လမ်းကို ပြန်လည်ဝေမျှခဲ့ပါတယ်။
ကျွန်းပေါ်မှာ တိရစ္ဆာန်အချို့ကိုသာ တွေ့ရပြီး Gemmaဟာ အသက်ရှင်ဖို့ အစားအသောက်နဲ့ ရေအပါအဝင် တော်တော်များများကို ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။ သူမဟာ ကမ်းခြေမှာ ကယ်ဆယ်ရေးသင်္ကေတဖြစ်တဲ့ SOS ဆိုတဲ့စကားလုံးကို ရေးသားထားခဲ့ပေမယ့် ကျွန်းနားကို ဘယ်လေယာဉ်၊ ဘယ်သဘောင်္မှ လာရောက်ခဲ့ခြင်းမရှိပါဘူ

ဒါပေမယ့် Gemma ဟာ လက်မလျှော့ခဲ့ဘဲ ကျွန်းရဲ့အမြင့်ဆုံးနေရာတစ်နေရာကိုရှင်းလင်းပြီး ဟိုးအဝေးကြီးကနေ မြင်တွေ့ရအောင် SOS ဆိုတဲ့စကားလုံးကို အချိန်တွေအများကြီးယူပြီး အကြီးကြီးရေးသားထားခဲ့ပါတယ်။ သူမရဲ့ အတွေးကတော့ ကျွန်းပေါ်ကနေ လေယာဉ်တစ်စီးဖြတ်သွားရင် ကျွန်းပေါ်က စာသားကိုတွေ့ပြီး သူမအသက်ရှင်နေတာကို သိစေချင်ခဲ့တာပါ။
ဒါပေမယ့် နှစ်ပေါင်းများစွာကြာသော်လည်း ကျွန်းအနီးကို ဘယ်သဘောင်္၊ ဘယ်လေယာဉ်မှ ဖြတ်သွားတာမျိုးမရှိခဲ့ပါဘူး။ ၂၀၁၄ခုနှစ်ရောက်တဲ့အခါ သူမရဲ့ကျွန်းကိုလေယာဉ်တစ်စင်း ဆိုက်ကပ်လာပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ သူမဟာ သူမကိုဘယ်လိုရှာတွေ့လဲမေးတဲ့အချိန်မှာတော့ အမေရိကန်၊ မင်နီဆိုတားပြည်နယ်က ကလေးနှစ်ယောက်က Google Earthမှတစ်ဆင့် သူမရေးထားတဲ့စာလုံးကိုတွေ့ရှိပြီး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Gemmaကနေ Google Earthဆိုတာ ဘာမှန်းမသိပေမယ့် အဆိုပါကလေးနှစ်ယောက်အပေါ် သူမရဲ့အသက်ကျေးဇူးအကြွေး တင်သွားခဲ့ပြီလို့ဆိုပါတယ်။
Leave a Reply