သင့် နှုတ်ခမ်းပုံစံလေးက ပြောပြနေတဲ့ သင့်ရဲ့ပင်ကိုစရိုက် နဲ့ သင့် အကြောင်းများ…ဘာတွေလဲ ဝင်ကြည့်လိုက်

လူတွေက အလှအပနဲ့ ပတ်သက်ရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို စိတ်တိုင်း မကျပါဘူး။ လှပြီးရင်း လှချင်တာပါပဲ။ဒါပေမယ့် ကိုယ့်ကိုယ်ကို လှတယ်လို့ပဲ ထင်ကြပါတယ်။ မျက်နှာသွင်ပြင်ကလည်း ပင်ကိုစရိုက်ကို ဖော်ပြနိုင်သလိုနှုတ်ခမ်းကလည်း သင့်ရဲ့ ပင်ကိုစရိုက်ကို ဖော်ပြပေးနိုင်ပါတယ်။

၁။ ကြီးမားသော နှုတ်ခမ်းဖူးဖူး
နှုတ်ခမ်း ဖူးဖူးလေး ဆိုရင်တော့ အရင်ဆုံး ပြေးမြင်မိတာက Angelina Jolie ပါပဲ။ ဒီနှုတ်ခမ်းပုံစံက အတော်ကို လှပါတယ်။ကြီးမားတဲ့ နှုတ်ခမ်း ဖူးဖူးတွေကို ပိုင်ဆိုင်တဲ့သူကတော့ ကြင်နာတတ်သူ၊ ရက်ရောပြီး စေတနာကောင်းသူ၊ စာနာတတ်သူ ဖြစ်တယ်…ဘယ်လောက် ကြင်နာတတ်သူလဲ ဆိုရင် ကြောင်လေးတွေကို မြင်ရင်တောင် ချစ်နေတတ်သူပါ။ အလှူ လုပ်ရတာကို ဝါသနာ ပါသူလည်း ဖြစ်တယ်…။

၂။ အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်းထက် ကြီးသူ
ဒီလို နှုတ်ခမ်းပိုင်ရှင်က ပျော်ပျော်နေတတ်ပြီး စိတ်ထိခိုက်လည်း လွယ်ပါတယ်။ နည်းနည်းတော့တစ်ကိုယ်ကောင်း ဆန်ပြီး ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်တယ်။

၃။ အောက်နှုတ်ခမ်းက အပေါ်နှုတ်ခမ်းထက် ကြီးသူ
ဒီလို နှုတ်ခမ်းပိုင်ရှင်တွေက စိတ်ကောက်နေတဲ့ ကလေးတွေရဲ့ နှုတ်ခမ်း လိုပါပဲ။ သူတို့က ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းလေးတွေကို သိပြီးဘဝကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားတတ်သူဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး စွန့်စား သွားလာရတာကို ကြိုက်နှစ်သက်သူ၊ စိတ်ဓာတ်ပြင်းပြသူ ဖြစ်တယ်။

၄။ ပုံမှန် နှုတ်ခမ်း
ပုံမှန်နှုတ်ခမ်း ပိုင်ရှင်တွေက ဆွဲဆောင်မှု ရှိပါတယ်။ စိတ်နေ စိတ်ထားကလဲ ရိုးဖြောင့်ပါတယ်။ လူတိုင်းနဲ့လည်း သဟဇာတဖြစ်အောင် နေတတ်သူပါ။မိတ်ဆွေကောင်း ပီသသူ၊ နားထောင်တတ်သူ၊ ကူညီသူလည်း ဖြစ်တယ်။ တခြား သူတွေအတွက် အချိန်ကုန်ရမှာကို မနှမြောတတ်သူပါ။

၅။ နှုတ်ခမ်းပါးလေး
နှုတ်ခမ်းပါး ပိုင်ရှင်လေးတွေက ဘယ်ပြသနာကို မဆို တာဝန်ယူ ဖြေရှင်းတတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိသူပါ။ခင်မင်တဲ့ လူနည်းစုလောက်နဲ့ပဲ နေထိုင်ရတာကို ပျော်ရွှင်တတ်သူလည်း ဖြစ်တယ်။

၆။ သေးငယ်သော နှုတ်ခမ်းဖူးဖူးလေး
သေးငယ်တဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်တဲ့သူတွေက အမြဲအနစ်နာခံသူ တွေပါ။ တခြားသူတွေရဲ့ဆန္ဒကို အမြဲ ဦးစားပေးသူပါ။စည်းကမ်း ကြီးသူလည်း ဖြစ်ပါတယ်။ အလုပ်ကို ကြိုးစားပြီး ပြသနာမဖြစ်အောင် အေးအေးဆေးဆေး နေတတ်ကြပါတယ်။

Credit:Zombie

Be the first to comment

Leave a Reply

Your email address will not be published.


*