
တစ်ညတည်းနဲ့ ဘီလျံနာဖြစ်သွားနဲ့ လူတစ်ယောက်
ကံကောင်းလှတဲ့ အသက်၂၄နှစ်အရွယ်လူငယ်တစ်ဦးဟာ သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် ရလိုက်တဲ့ငွေကြေးတွေကြောင့် တစ်ညအတွင်းမှာပဲ အာရှအချမ်းသာဆုံးစာရင်းဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။သူကတော့ ဇီဝဆေးဝါးနယ်ပယ်မှာ နာမည်ကြီးကုမ္ပဏီကြီးဖြစ်တဲ့ စီနိုဇီဝဆေးဝါးထုတ်လုပ်ရေးရဲ့ အနာဂါတ်ပိုင်ရှင် Eric Tseပဲဖြစ်ပါတယ်။
သူ့ရဲ့မိဘတွေဟာ သူ့မွေးနေ့အတွက် အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံတန်ကြေးရှိတဲ့ ရှယ်ယာတွေကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့အတွက် အာရှအချမ်းသာဆုံးစာရင်းဝင် လူငယ်တစ်ဦးဖြစ်ခဲ့တာပါ။
Eric ဟာ Pennsylvania တက္ကသိုလ်မှာ ငွေကြေးဆိုင်ရာဘွဲ့ရထားသူဖြစ်ပြီး ဘေဂျင်းတက္ကသိုလ်က Schwarzman ပညာသင်ဆုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
၂၀၁၉ခုနှစ်ကပဲ ကုမ္ပဏီရဲ့ executive director အဖြစ် ရာထူးတိုးမြှင့်ခံထားရသူဖြစ်ပြီး ကုမ္ပဏီရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့၂၄နှစ်ပြည့် မွေးနေ့မတိုင်ခင် Eric ဟာ ပညာရေးနဲ့ ယဉ်ကျေးမှုလုပ်ငန်းများအတွက် ထောက်ပံ့ပေးတဲ့China Summit Foundation, ကိုလည်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။
Leave a Reply