ကျွနု်ပ်တို့ မီးမြှိက်ခံနေရပြီလား

ကမ္ဘာကြီးပူနွေးလာမှုနဲ့ပတ်သက်ပြီး ကျွနု်ပ်တို့ဆွေးနွေးသင့်တဲ့ မေးခွန်းနှစ်ချက် ရှိပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် အပြောင်း အလဲတွေမှာ လူသားမျိုးနွယ်တွေအနေနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်ပါ့မလား။


နောက်တစ်ချက်က – အနာဂတ်မျိုးဆက်တွေအတွက် ကျွနု်ပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ကို ကာကွယ်ဖို့ လက်ရှိလူသားမျိုးနွယ်တွေမှာ လုံလောက်တဲ့ ဉာဏ်ပညာ အမြော်အမြင်ရှိပါရဲ့လား။

ဒီမေးခွန်းတွေအတွက် လွယ်ကူတဲ့အဖြေ မရှိပါဘူး။ တုံ့ပြန်ဖို့အချိန် နည်းပါးတာနဲ့အညီ ကျွနု်ပ်တို့ရဲ့ လူနေမှုပုံစံတွေပါ ပြောင်းလဲရမှာပါ။

လူမှုရေးပိုင်းဆိုင်ရာ စိန်ခေါ်မှု (Social Challenges)

ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ကြား အခြေခံကွာခြား ချက်တွေဖြစ်တဲ့ ယဉ်ကျေးမှု အစဉ်အလာ၊ နည်းပညာပိုင်းဆိုင်ရာ စတာတွေက ကမ္ဘာ့ရာသီဥတု ပြောင်းလဲစေဖို့ အားထုတ်ကြိုးပမ်းသလိုဖြစ်နေပါတယ်။ ဥပမာ – ၂၀၁၂ ခုနှစ် အတွငှု်းညအနမညအေငသည နညနမါပ ဗါနညခပ ရဲ့ ထုတ်ပြန်ချက် နံပါတ်(၄)မှာ ၁ဒသမ၆ ဘီလီယံပမာဏ (သို့မဟုတ်) ကမ္ဘာ့လူဦးရေရဲ့ ၂၅ရာခိုင်နှုန်းလောက်က လျှပ်စစ်ဓါတ်အား မရရှိပါဘူး။ ပြီးတော့ ၂ဒသမ၄ ဘီလီယံ ပမာဏရှိတဲ့ လူဦးရေက ချက်ပြုတ်တာတွေ၊ အပူစွမ်းအင် အသုံးပြုမှုဆိုင်ရာတွေမှာ ကမ္ဘာဦးအစက နည်းလမ်းမျိုးတွေကိုပဲ အသုံးပြုနေတဲ့အတွက် စီးပွားရေး၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွေကို ကြောက်ခမန်းလိလိ ရိုက်ခတ်နေပါတယ်။

စွမ်းအင်ပိုင်းဆိုင်ရာ စိန်ခေါ်မှု (Energy Challenges)

ဒီအချက်နဲ့ပတ်သက်ပြီး လူသားမျိုးနွယ်တွေက သဘာဝသယံဇာတတွေကို စွမ်းအင်ရရှိဖို့ လောင်စာအဖြစ်အသုံးပြုခဲ့တဲ့အတွက် ကမ္ဘာ့ရာသီဥတု ပြောင်းလဲသွားခဲ့တယ်ဆိုတာ စောဒကတက်စရာ မရှိပါဘူး။ ထို့အတူပဲ ကျွနု်ပ်တို့ရဲ့ လူမှုအသိုင်းအဝိုင်းက စွမ်းအင်အသုံးပြုမှုဟာ ဈေးပေါတာ၊ အလွယ်တကူ ရနိုင်တာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်တာ စတာတွေအပေါ် မူတည်နေပါတယ်။ ဒီအချက်တွေက ကျွနု်ပ်တို့အနေနဲ့ သယံဇာတတွေကို အားထားနိုင်မှု လျော့နည်းလာတာတွေနဲ့ အရင်းအမြစ်တွေဆီက အလှည့်ကျ စွမ်းအင်ထုတ်ယူနိုင်ခွင့် မရနိုင်တော့ တာတွေကို ပေါ်လွင်စေပါတယ်။

တစ်ဦးချင်းဆိုင်ရာ စိန်ခေါ်မှု (Individual Challenges)

တစ်သီးပုဂ္ဂလပိုင်းဆိုင်ရာ စိန်ခေါ်မှုအနေနဲ့ သိထားသင့်တာက ‘ပူနွေးလာနေတဲ့ ကမ္ဘာကြီးက ကျွနု်ပ်တို့ရဲ့ အကူအညီကိုလိုအပ်နေပြီ’ ဆိုတာပါပဲ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းရဲ့ အရေးပါမှုက အမြင့်ဆုံးအခြေအနေကို ရောက်နေပြီး ကျွနု်ပ်တို့တစ်ဦးချင်းစီရဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လုပ်ရပ်တွေကနေ ဒီအကျိုးဆက်တွေ ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ တစ်စုတစ်ဝေးတည်း လုပ်ဆောင်မှုက လျှင်မြန်စွာပြီးမြောက်စေပါတယ်။ ကျွနု်ပ်တို့ တစ်ဦးချင်းစီဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ကိုယ်တိုင် စတင်သင်ယူရပါမယ်။ တစ်ခြားသူများကိုလဲ လက်ဆင့်ကမ်း သင်ကြားပေးရပါမယ်။ အပြုအမူတွေကို သတိထားထိန်းချုပ်ရပါမယ်။

အမျိုးသားရေး စိန်ခေါ်မှု (National Challenges)

လူသားမျိုးနွယ်ရဲ့အပြုအမူတွေဟာ ရာသီဥတုဖောက်ပြန်ရခြင်းရဲ့ မူလတရားခံ ဖြစ်တယ်ဆိုတာ သိပြီးဖြစ်သလို ပြန်ကောင်းလာနိုင်မယ့် နည်းလမ်းမရှိတာလည်း သိပြီးဖြစ်မှာပါ။ ကျွနု်ပ်တို့မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ နောင်လာမယ့်နှစ်တွေမှာ ဒီရာသီဥတု ပြောင်းလဲမှုနှုန်း နှေးသွားစေချင်တာပဲဖြစ်ပါတယ်။ ဒါကိုတော့ နိုင်ငံတိုင်းကလက်ခံရမှာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ လမ်းစဉ်တွေချမှတ်ရာမှာလည်း ဒီအချက်ကို ထည့်သွင်းစဉ်းစားရပါမယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ကျွနု်ပ်တို့တစ်ဦးချင်းကစပြီး အိမ်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်း၊ နိုင်ငံတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဖို့လိုလာပြီ လို့ပဲ တင်ပြပါရစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*