
လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ်ကောင်ခွပ်နေတာတွေ့ပြီ ဆိုတာနဲ့ နောက်လှည့် မကြည့်နဲ့တော့၊ ထီဆိုင်ဘယ်မှာရှိလဲ …၊ ချက်ချင်း ရှာပြီးတော့သာထိုးပေတော့ …၊ချက်ချင်းနော် …။
လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက် ကိန်း ရာနှုန်းပြည့်နီးပါး ရှိနေ ပါတယ်။ ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ ပါရမီအဟုန်နည်းခြင်းများခြင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။
ဒီနည်းကို အဘမင်းသိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် အနီးအနားမှာ ရှိတဲ့ကျွန်တော် တို့ သန္ဓေတပည့်များကို ပြောပြပေးခဲ့တာပါ။
အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်း ဆိုတဲ့ သန္ဓေရဲဘော်လေးတစ်ယောက်ဟာ အဘအ တွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ကြက်ခွပ်တာကိုတွေ့ လို့ ချက်ချင်းပြေးပြီး ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ် ၁၀ သိန်း ဆုပေါက်ခဲဖူးတာကို မျက်မြင်ကိုယ် တွေ့ တွေ့ရှိခဲ့ရပါကြောင်း …။
တစ်ခုတော့ ရှိတယ်။ အမှတ်တမဲ့ တွေ့မှ ထီ ပေါက်စေတဲ့ နိမိတ်ဖြစ်စေတာပါ။ ဒါကို မိတ်ဆွေ ကြီးက ထီပေါက်ချင်လို့ ကြက်ပွဲကို တကူးတကရှာ ဖွေသွားကြည့်ပြီးတော့ ထီထိုးတာမျိုးတော့ မရပါဘူး ပေါ့ဗျာ …။
တစ်ခုတော့ရှိပါတယ်။
မိမိရဲ့ ရောက်ဆဲအ သက်ကို တည်ပြီး ၈ နဲ့စားပါ။
တနင်္ဂနွေသားသမီး ၂ ကြွင်းရင်
တနင်္လာသားသမီး ၁ ကြွင်းရင်
အင်္ဂါ သားသမီး ဝ ကြွင်းရင်
ဗုဒ္ဓဟူးသားသမီး ၇ ကြွင်းရင်
ကြာသပတေးသားသမီး ၅ ကြွင်းရင်
သောကြာ သားသမီး ၃ ကြွင်းရင်
စနေသားသမီး ၆ ကြွင်းရင်
အဲဒီနိမိတ်နဲ့ တည့်တည့်ကြီးတိုးလို့ကတော့ ထီထိုး ဖြစ်အောင်သာ ထိုးပေတော့ လို့ ဝမ်းသာအားရ တိုက် တွန်းလိုက် ရပါတယ်ခင်ဗျာ …။
လူတိုင်း ထီပေါက်ကြပါစေ …။
Leave a Reply