အိမ်ပိုင်ရရှိနိုင်ဖို့အတွက်စုဆောင်းနေတဲ့ငွေအထုပ်လိုက်နဲ့ ဘဏ်စာအုပ်တွေကို ချပြလိုက်တဲ့နှိုင်းယှဉ်မြင့်မိုရ်

” အိမ်ပိုင်ရရှိနိုင်ဖို့အတွက်စုဆောင်းနေတဲ့ငွေအထုပ်လိုက်နဲ့ ဘဏ်စာအုပ်တွေကို ချပြလိုက်တဲ့နှိုင်းယှဉ်မြင့်မိုရ်”

ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။

အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။ ပထမStay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်နေခဲ့တာပါ။

အခုလိုဒုတိယအကြိမ်Stay Homeကာလမှာလည်း “မိသားစု အိမ်ပိုင်လေးရဖို့ ကြိုးစားနေပါတယ်ရှင့်❣️”ဆိုတဲ့စာလေးနဲ့အတူ သူမရဲ့ လူမှုကွန်ရက်ားမျက်နှာမှာ ဘဏ်စာအုပ်တွေနဲ့အတူ စုထားတဲ့ငွေအထပ်လိုက်ကိုထုတ်ပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi





Be the first to comment

Leave a Reply

Your email address will not be published.


*