မျက်နှာ ကိုကြည့်ရုံ နဲ့ ချမ်းသာကြွယ်ဝသူ တစ်ယောက် ဖြစ်လာနိုင်ချေ ရှိ မရှိ သိနိုင် မယ့် နည်းလမ်းများ

မျက်နှာ ကိုကြည့်ရုံ နဲ့ ချမ်းသာကြွယ်ဝသူ တစ်ယောက် ဖြစ်လာနိုင်ချေ ရှိ မရှိ သိနိုင် မယ့် နည်းလမ်းများ
လူတစ်ယောက် ရဲ့ မျက်နှာကိုကြည့်ရုံနဲ့ သူ့အကြောင်း ကို အတိအကျပြောနိုင်တဲ့ ရုပ်လက္ခဏာကိုဖတ်တဲ့ ပညာမျိုးဆို တာ အံ့သြဖို့ကောင်းတဲ့ပညာတစ်မျိုးဖြစ်ပါတယ်။ ရုပ်ရည်သွင်ပြင်က ကံကကြမ္မာကို မသတ်မှတ်နိုင်ပေမယ့် ဘာတြွေ ဖစ်လာ နိုင်သလဲဆိုတာကိုတော့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် တရုတ် ရိုးရာရုပ်လက္ခဏာဖတ်ပညာအရ လူချမ်းသာ တစ်ယောက်ဖြစ်လာနိုင်ချေများတဲ့သူတစ်ယောက်ရဲ့ ရုပ်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) နှစ်ဖက်ညီညာတဲ့ မျက်နှာအချိုးအစား

မျက်နှာ အချိုးအစား နှစ်ဖက်ညီညာနေတာ မျိုးက ရှားပါတယ်။ တကယ်လို့ အဲ့ဒီလိုမျက်နှာမျိုး ရှိခဲ့ရင် သူမတူအောင်ချမ်း သာကြွယ်ဝလာတတ်ပါတယ်။

(၂) နဖူးမြင့်မြင့်ကျယ်ကျယ်

မြင့်ပြီး ကျယ်ဝန်းတဲ့နဖူးမျိုးကို ပိုင်ဆိုင်ထားတဲ့ သူတွေဟာလည်း ချမ်းသာကြွယ်ဝနိုင်ချေများတဲ့ သူတွေပါ။ ဒါပေမယ့် နဖူးအလယယ်မှာ မှဲ့ရှိနေရင်တော့ ကံသိပ်မကောင်းတတ်ပါဘူး။

(၃) လုံးဝန်းတဲ့နှာခေါင်း

နှာခေါင်း လုံးလုံးလေးက ချမ်းသာကြွယ်ဝသူ တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ။ အမျိုးသားတွေမှာ ဆို ငွေကြေး ကံအလွန်ကောင်းပြီး၊ အမျိုးသမီးတွေမှာဆို သူမကိုလက်ထပ်တဲ့အမျိုးသားက တဖြည်းဖြည်းတိုးတက်ကြီး ပွားလာပါလိမ့်မယ်။

(၄) မျက်လုံးတောက်တောက်

စူးရှတောက်ပ တဲ့မျက်လုံးပိုင်ရှင်တွေ ရှိတတ်ပါတယ်။ လူတော်တော် များများက သူတို့ကြည့်တာကို မခံနိုင်ပါဘူး။ အဲ့ဒီလိုမျက်လုံးတောက်တောက်တွေရှိတာကလည်း ချမ်းသာမယ့် လက္ခဏာတစ်ခုပါပဲ။

(၅) ထင်ရှားတဲ့ပါးရိုး

ပါးရိုးတွေ က မြင့်ပြီးထင်းနေလို့ ကိုယ့်ကိုယ်ကို မလှဘူးလို့မတွေး လိုက်ပါနဲ့နော်။ အဲ့ဒါက ချမ်းသာကြွယ်ဝမယ့် သူတစ်ယောက်ရဲ့ လက္ခဏာပါ။

(၆) နားရွက်ကြီးကြီး

ထင်ရှားပြီးကြီးမားတဲ့ နားရွက်တွေကိုပိုင်ဆိုင်ထားတယ်ဆိုရင်လည်း ဒါဟာ ချမ်းသာ ကြွယ်ဝမယ့် သဘောပါပဲ။ ဒါတင်မကသေးပါဘူး၊ ပညာရေးကံ၊ အလုပ်ကံနဲ့ ငွေကြေး ကံတွေလည်း အလွန်ကောင်းမယ့်သူပါ။

(၇) အလယ်မှာ ချွန်နေတဲ့နှုတ်ခမ်း

အပေါ်အောက် အရွယ်အစားတူညီပြီး တိကျတဲ့ပုံစံမျိုးရှိတဲ့၊ အလွယ်မှာ ချွန်နေတဲ့နှုတ်ခမ်းရှိတဲ့သူတွေလည်း ချမ်းသာ ကြွယ်ဝနိုင်ချေအလွန်များတဲ့သူတွေပါ။ အဲ့ဒါမျိုးကို ပုလဲနှုတ်ခမ်းလို့ ခေါ်ပါတယ်။

(၈) အဖျားနှစ် ဖက်ကော့တက်နေတဲ့ပါးစပ်

အဖျားနှစ်ဖက် က အပေါ်ဘက်ကို ကော့တက်နေပြီး ဒီတိုင်းနေရင်တောင်ပြုံးနေသလို လေးဖြစ်နေတဲ့ပုံစံပါ။ အဲ့ဒါကို ကြာ ပွင့်ပါးစပ်လို့ ခေါ်ပြီး ချမ်းသာကြွယ်ဝမယ့်သူတွေမှာ တွေ့ရတတ် ပါတယ်။

(၉) လုံးဝန်းတဲ့မေးစေ့

လုံးဝန်းပြီးထင်ရှားတဲ့မေးစေ့ရှိတဲ့ သူတွေဟာ ချမ်းသာကြွယ်ဝမယ့်သူ၊ အိုဇာတာကောင်းမယ့်သူတွေ လို့ ပြောလို့ ရပါတယ်။v

Be the first to comment

Leave a Reply

Your email address will not be published.


*