သင့်ကိုခေါင်းစားစေမယ့် အင်တာနက်က ဓာတ်ပုံတစ်ပုံ

ဒီဓာတ်ပုံကို ထိုင်ဝမ်မှာရှိတဲ့ အိမ်ရှင်မတစ်ယောက်ကနေ တင်ခဲ့တာဖြစ်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းတွေကို မေးမြန်းခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူတွေရဲ့ ဖွေဖွေရှာရှာနည်းလမ်းတွေကတော့ သင့်ကို ပါးစပ်ဟောင်းလောင်းဖြစ်သွားစေမှာ အမှန်ပါပဲ။

အင်တာနက်အသုံးပြုသူတွေ ၀ိုင်းပြောပြပေးခဲ့တဲ့ နည်းလမ်းတွေထဲက ဖြတ်​ထိုးဉာဏ်​အရှိဆုံးနည်းလမ်းတွေကို တင်ပြလိုက်ပါတယ်။ ဟာသအနေနဲ့သာပြောကြားခဲ့တာဖြစ်ပြီး ဘယ်သူမှ အမှန်တကယ်မတွေးနိုင်ခဲ့ကြပါဘူး။

တစ်ယောက်ကတော့ ပြောကြားခဲ့ပါတယ်။ အိမ်ဘေးမှာတစ်ပုံစံတည်းတူတဲ့ အိမ်တစ်လုံးကိုထပ်ဆောက်၊ အိမ်အသစ်မှာ ပန်းကန်တွေဟာ စင်ပေါ်မှာ ဒီအတိုင်းပဲရှိနေပါလိမ့်မယ်။ ပြီးရင် အိမ်အဟောင်းကိုဖျက်ချလိုက်ပါတဲ့။

နောက်တစ်ယောက်ကတော့ တစ်အိမ်လုံးကို ရေကြီးအောင်လုပ်လိုက်ပြီး ရေအပြည့်ဖြစ်နေတော့မှ ပန်းကန်တွေကို မကွဲစေဘဲ ထုတ်ယူပါတဲ့။

နောက်တစ်နည်းကတော့ အိမ်ပေါ်တက်၊ ပန်းကန်စင်ပေါ်က မျက်နှာကြက်ကို ဖောက်၊ မီးဖိုချောင်ကိုအလုံပိတ်၊ ရေအပြည့်ဖြည့်ပြီးထုတ်ပါတဲ့။

နောက်တစ်နည်းကတော့ ပြတိုက်ကို အချိန်နဲ့အတူ ရပ်ဆိုင်းသွားသော ပန်းကန်လုံးများဆိုပြီး ရောင်းစားလိုက်ပါတဲ့။

နောက်ဆုံးနည်းကတော့ ၀ိုင်တစ်ပုလင်းကိုဖောက်၊ အေးဆေးသောက်နေပြီး ယောကျာ်းပြန်လာတာစောင့်ပါ။ ယောကျား်ပြန်လာတဲ့အခါ ဘာရယ်မဟုတ် ပြသနာရှာပြီး စိတ်ဆိုးဆိုးနဲ ဘီဒိုတံခါးကိုဖွင့်လိုက်ပါ။ ယောကျာ်းဖြစ်သူကို အပြစ်တင်ပါ။ အဲအခါသူတောင်းပန်ပြီး ပန်းကန်အသစ်တွေ ဝယ်ပေးပါလိမ့်မယ်တဲ့။

စာဖတ်သူတွေကရော၊ ဘယ်လိုထုတ်ဖို့စိတ်ကူးမိလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*