HIV ကာကွယ်ရေး နည်းလမ်းသစ်

ဝါတာလူးတက္ကသိုလ်မှ သိပ္ပံ ပညာရှင်တွေက အမျိုးသမီးများတွင် ံHIV ပိုးကူးစက်ခြင်းမှကာကွယ်ပေး နိုင်မဲ့ကိရိယာသစ်ကို တီထွင်ခဲ့ကြပါ တယ်။ သမားရိုးကျ HIV ကာကွယ် နည်းတွေဖြစ်တဲ့ ကွန်ဒုံတွေ၊ HIV ဆန့်ကျင်ဆေးတွေနဲ့ မတူပဲ၊ ကိရိယာ သစ်က လူရဲ့ သဘာဝခုခံအားစနစ် ကို အသုံးချပြီး ဗိုင်းရပ်စ်ကိုကာကွယ် ပေးတယ်လို့ သိရပါတယ်။ HIV ပိုး က လူ့ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ အရေးကြီးတဲ့ T ဆဲလ်တွေကို ထိခိုက် စေတာဖြစ်ပါတယ်။

T ဆဲလ်တွေက ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့မလုပ်ရင်၊ ဗိုင်းရပ်စ်ကူးစက်မှုရှိလာမှာမဟုတ်ပဲ လူအချင်းချင်းကြား ကူးစက်မှုဖြစ်လာ မှာမဟုတ်တော့ပါဘူး။ T ဆဲလ်တွေ လှုပ်ရှားမှုမရှိတဲ့အခြေအနေကို ခုခံ အားစနစ် ငြိမ်သက်နေတဲ့အခြေ အနေလို့ခေါ်ပါတယ်။ ကျွန်တော်တို့ သိထားသလိုပါပဲ။ တချို့သောက် ဆေးတွေက မွေးလမ်းကြောင်း၊ မိန်းမ ကိုယ်တို့ထိ မရောက်နိုင်ပါဘူး။ ဒါကြောင့် ယခုကိရိယာသစ်က မိန်းမကိုယ်ထဲ မြှုပ်နှံထားရုံနဲ့ T ဆဲလ်တွေကို ဗိုင်းရပ်စ်အား မတုန့် ပြန်ဖို့ ထိန်းထားပေးနိုင်မှာဖြစ်တဲ့အတွက် ပိုစိတ်ချရကာ ပိုလည်း စရိတ်စက သက်သာစေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ ယင်းမိန်းမကိုယ် တွင်းမြှုပ်ထားရတဲ့ ကိရိယာကို ကင်ညာမှာလုပ်ခဲ့တဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေရဲ့ သုတေသနက အတွေးအခေါ်ရလာတာပါ။ ယင်း သုတေသနမှာ ပြည့်တန်ဆာ အမျိုးသမီးအများပြားက HIV ပိုးရှိတဲ့ အမျိုးသားဖောက်သည်တွေနဲ့ လိင်ဆက်ဆံပေမဲ့ HIV ပိုး ကူးစက်မ ခံရတာကို တွေ့ရပါတယ်။

ဒါကြောင့် ဆက်လက်လေ့လာ ကြည့်တဲ့အခါ ယင်းအမျိုးသမီးတွေရဲ့ T ဆဲလ်တွေက ဗိုင်းရပ်စ်ကို တုန့်ပြန် မှုမရှိတာ တွေ့ခဲ့ရပါတယ်။ ယင်း အချက်ကို တွေ့ပြီးတဲ့နောက် ကျွန်တော်တို့စဉ်းစားခဲ့တာက ဆေးဝါးတွေသုံးပြီးတော့ရော ခုခံအား စနစ်ကို တက်ကြွမှုမရှိအောင်လုပ်လို့ မရဘူးလားဆိုတဲ့ အချက်ပါပဲ။ ဆေးကို မိမိလိုအပ်တဲ့နေရာကို တိုက်ရိုက် ပို့ဆောင်ပေးခြင်းအားဖြင့် ခုခံအားစနစ်ကို ပိုပြီးထိထိရောက် ရောက် ချုပ်ကိုင်နိုင်မှာပဲလို့ တွက်ဆ ပြီး ယခုကိရိယာကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိရိယာသစ်မှာ ပြွန် ငယ်လေးတစ်ခုနဲ့ ကွေးဆန့်နိုင်ပြီး ထည့်ထားတဲ့နေရာမှာ မြဲအောင်ထိန်း ထားမဲ့ လက်မောင်းလေးနှစ်ခု ပါပါ တယ်။ ဆေးအနေနဲ့ hydroxy- chloroquine ပါဝင်ပြီး ပြွန်အပေါက် လေး များမှတဆင့် တဖြည်းဖြည်း ထုတ်ပေးကာ၊ မိန်းမကိုယ်နံရံကနေ တိုက်ရိုက်စုပ်ယူပြီး T ဆဲလ်တွေရဲ့ တက်ကြွမှုကို ထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်တာ တွေ့ခဲ့ရပါ တယ်။

ဖိုးသောကြာ
Health Updates Journal

 

ZawGyi Version

၀ါတာလူးတကၠသိုလ္မွ သိပၸံ ပညာ႐ွင္ေတြက အမ်ိဳးသမီးမ်ားတြင္ ံHIV ပိုးကူးစက္ျခင္းမွကာကြယ္ေပး ႏိုင္မဲ့ကိရိယာသစ္ကို တီထြင္ခဲ့ၾကပါ တယ္။ သမား႐ိုးက် HIV ကာကြယ္ နည္းေတြျဖစ္တဲ့ ကြန္ဒံုေတြ၊ HIV ဆန္႔က်င္ေဆးေတြနဲ႔ မတူပဲ၊ ကိရိယာ သစ္က လူရဲ႕ သဘာ၀ခုခံအားစနစ္ ကို အသံုးခ်ၿပီး ဗိုင္းရပ္စ္ကိုကာကြယ္ ေပးတယ္လို႔ သိရပါတယ္။ HIV ပိုး က လူ႔ခႏၶာကိုယ္ ခုခံအားစနစ္ရဲ႕ အေရးႀကီးတဲ့ T ဆဲလ္ေတြကို ထိခိုက္ ေစတာျဖစ္ပါတယ္။

T ဆဲလ္ေတြက ဗိုင္းရပ္စ္ကို တိုက္ခိုက္ဖို႔မလုပ္ရင္၊ ဗိုင္းရပ္စ္ကူးစက္မႈ႐ွိလာမွာမဟုတ္ပဲ လူအခ်င္းခ်င္းၾကား ကူးစက္မႈျဖစ္လာ မွာမဟုတ္ေတာ့ပါဘူး။ T ဆဲလ္ေတြ လႈပ္႐ွားမႈမ႐ွိတဲ့အေျခအေနကို ခုခံ အားစနစ္ ၿငိမ္သက္ေနတဲ့အေျခ အေနလို႔ေခၚပါတယ္။ ကြၽန္ေတာ္တို႔ သိထားသလိုပါပဲ။ တခ်ိဳ႕ေသာက္ ေဆးေတြက ေမြးလမ္းေၾကာင္း၊ မိန္းမ ကိုယ္တို႔ထိ မေရာက္ႏိုင္ပါဘူး။ ဒါေၾကာင့္ ယခုကိရိယာသစ္က မိန္းမကိုယ္ထဲ ျမႇဳပ္ႏွံထား႐ံုနဲ႔ T ဆဲလ္ေတြကို ဗိုင္းရပ္စ္အား မတုန္႔ ျပန္ဖို႔ ထိန္းထားေပးႏိုင္မွာျဖစ္တဲ့အတြက္ ပိုစိတ္ခ်ရကာ ပိုလည္း စရိတ္စက သက္သာေစပါတယ္လို႔ ႐ွင္းျပခဲ့ပါတယ္။ ယင္းမိန္းမကိုယ္ တြင္းျမႇဳပ္ထားရတဲ့ ကိရိယာကို ကင္ညာမွာလုပ္ခဲ့တဲ့ ျပည့္တန္ဆာ အမ်ိဳးသမီးေတြရဲ႕ သုေတသနက အေတြးအေခၚရလာတာပါ။ ယင္း သုေတသနမွာ ျပည့္တန္ဆာ အမ်ိဳးသမီးအမ်ားျပားက HIV ပိုး႐ွိတဲ့ အမ်ိဳးသားေဖာက္သည္ေတြနဲ႔ လိင္ဆက္ဆံေပမဲ့ HIV ပိုး ကူးစက္မ ခံရတာကို ေတြ႕ရပါတယ္။

ဒါေၾကာင့္ ဆက္လက္ေလ့လာ ၾကည့္တဲ့အခါ ယင္းအမ်ိဳးသမီးေတြရဲ႕ T ဆဲလ္ေတြက ဗိုင္းရပ္စ္ကို တုန္႔ျပန္ မႈမ႐ွိတာ ေတြ႕ခဲ့ရပါတယ္။ ယင္း အခ်က္ကို ေတြ႕ၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔စဥ္းစားခဲ့တာက ေဆး၀ါးေတြသံုးၿပီးေတာ့ေရာ ခုခံအား စနစ္ကို တက္ႀကြမႈမ႐ွိေအာင္လုပ္လို႔ မရဘူးလားဆိုတဲ့ အခ်က္ပါပဲ။ ေဆးကို မိမိလိုအပ္တဲ့ေနရာကို တိုက္႐ိုက္ ပို႔ေဆာင္ေပးျခင္းအားျဖင့္ ခုခံအားစနစ္ကို ပိုၿပီးထိထိေရာက္ ေရာက္ ခ်ဳပ္ကိုင္ႏိုင္မွာပဲလို႔ တြက္ဆ ၿပီး ယခုကိရိယာကို ထုတ္လုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ ကိရိယာသစ္မွာ ျပြန္ ငယ္ေလးတစ္ခုနဲ႔ ေကြးဆန္႔ႏိုင္ၿပီး ထည့္ထားတဲ့ေနရာမွာ ၿမဲေအာင္ထိန္း ထားမဲ့ လက္ေမာင္းေလးႏွစ္ခု ပါပါ တယ္။ ေဆးအေနနဲ႔ hydroxy- chloroquine ပါ၀င္ၿပီး ျပြန္အေပါက္ ေလး မ်ားမွတဆင့္ တျဖည္းျဖည္း ထုတ္ေပးကာ၊ မိန္းမကိုယ္နံရံကေန တိုက္႐ိုက္စုပ္ယူၿပီး T ဆဲလ္ေတြရဲ႕ တက္ႀကြမႈကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ေပးႏိုင္တာ ေတြ႕ခဲ့ရပါ တယ္။

ဖိုးေသာၾကာ
Health Updates Journal

Be the first to comment

Leave a Reply

Your email address will not be published.


*