ကိုဗစ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းအတု ရောင်းသူတွေကို ချစ်သုေ၀ ပြောပြီ

COVID ပထမwaveအစမှာ လှူချင်ဇောတွေနဲ့ ပစ္စည်းအတုတွေမိတာ ပွဲဦးထွက် အနည်းအကျဉ်းရှိခဲ့တယ်

အဲ့နောက်တော့ ဘာဝယ်ဝယ် စျေး ပေးရတိုင်းလည်းမယုံဘူးအရေးကြီးတဲ့ medical useတွေဆို ကိုယ့်ဆရာတွေ သေချာပြလိုက်တာပဲICUထဲသေရေးရှင်ရေး လုပ်နေရတဲ့ကြားထဲ ပစ္စည်းအတုဆို ပက်လက်လန်ပြီပေါ့ဟယ်..နော်..COVIDအတွက် ရှေ့တန်းဆရာဝန်တွေ ကာကွယ်ရေးမှာ အရေးကြီးဆုံးဆို #N95 က ထိပ်ပဲအတုတွေထုတ်နေကျ တိုင်းပြည်ကိုတော့ မပြောလိုပါ သူ့အကုသိုလ်သူယူရမှာမို့..

အတုတွေယူရောင်းတာကျ အဆင် မပြေဘူးရယ်..ခံရမှာ ဆရာဝန်တွေ.. ရှိတဲ့လူအင်အားနဲ့ ရအောင်ထိန်းနေရတာ… ဆေးကုcenterတွေ ထပ်ထပ်ပြီး ငွေအားအလုံးအရင်းလုပ်နိုင်ပေမယ့် ဆရာဝန် သူနာပြု ကျန်းမာရေးဝန်ထမ်းဆိုတာ ဘယ်စက်ရုံကမှ ဘယ်ငွေနဲ့မှ နေ့ချင်းညချင်း ထုတ်လို့မရတာပဲ..အဲ့တော့ ဆရာဝန်တွေအတိမ်းအစောင်းအဖြစ်မခံနိုင်ဘူး…တစ်ယောက်ကလေးမှဟယ်…မြန်မာပြည်ကတို့ဆရာဝန်တွေ သိပ်ကို လေးစားစရာကောင်းတယ်..

တစ်နေ့တစ်နေ့ N95အစစ်ရှာနေရတာ လူလည်းမောလှပြီး ဟို sampleတောင်းဒီsampleတောင်း အတုချည်း☹ အစစ်ကလေးရရင် အခု၂၀၀လောက်ရယ် (ခုတော့အစစ်ကိုတိုက်ရိုက်သေချာမှာလို့ရတာပဲမှာတယ်)လှူမယ့် အလှူရှင်တွေလည်း တကယ်လိုမယ့်နေရာ တကယ်လိုတဲ့ ပစ္စည်းထိရောက်ဖို့ကအရေးပိုကြီးတယ်…ဝယ်ရောင်းတာပဲဖြစ်ဖြစ် ဝယ် လှူတာပဲဖြစ်ဖြစ် N95ကိုတော့ ပြီးစလွယ်မလုပ်စေချင်ပါ😢

Airborne မို့ N95သည် အရေးကြီးလွန်းသည်🙏
#ဆရာဝန် တွေ ကျန်းမာရေးဝန်ထမ်းတွေပြိုလဲရင် အထိနာသထက်နာပြီနော်..မလုပ်ကောင်းတာတွေနဲ့ အကုသိုလ်မယူကြပါနဲ့..ခုဆိုKN 95တွေလည်းအိတ်တွေရိုက် ပုံးတွေရိုက် ရန်ကုန်မှာတင်အလုပ်ဖြစ်နေကြတာ စိတ်မကောင်းစိုးရိမ်လှပါတယ်..တကယ့်ကိုသံသရာပါမယ့် အဆိုးအသွမ်းလောဘသမားတွေ..😡။Chit Thu Wai

Be the first to comment

Leave a Reply

Your email address will not be published.


*