
“မိမိနေအိမ်တွင်နေထိုင်စေပြီး ကုသတဲ့စနစ်မကြာမှီစတင်တော့မည်ဟု ဒေါက်တာဇော်ဝေစိုးပြောပြီ” ကိုဗစ်ကုသရေးတာဝန်ခံ ဆရာကြီး ဦးဇော်ဝေစိုးကတော့ဒီနေ့ Interview မှာ စတင် ပြောပါပြီ။မကြာမတင်သော ကာလမှာကိုဗစ် Positive လူနာတွေ နဲ့ ထိတွေ့လူနာမှန်သမျှကိုလိုက်ခေါ်ယူ ဆေးရုံတင် ထိန်းချုပ်တဲ့ နည်းလမ်းအစား နိုင်ငံတကာမှာလိုဘဲ ကိုယ့်အိမ်ကိုယ်နေရင်း ကုသစေပြီးရောဂါလက်ခဏာ ဆိုးမှသာ သတင်းပို့ ဆေးရုံတင်စနစ်စတင်ကျင့်သုံးဖို့ စတင်စီစဉ်နေပါပြီတဲ့။ကျနော့အတွက်ကတော့ #ဒါသတင်းကောင်းပါဘဲ။
ဟိုးးးကိုဗစ်ပထမလှိုင်း နှောင်းပိုင်းလောက်ထဲက ဒီနည်းကို ကျနော်တို့ တစိုက်မတ်မတ် တောင်းဆိုခဲ့တာပါ။ဘာလို့လဲမေးရင်ကိုယ့်ထက် ချမ်းသာ ကိုယ့်ထက် ဆေးပညာမြင့် ကိုယ့်ထက် အဆင့်မြင့်ဆေးဝါးပေါ ကိုယ့်ထက် ဆရာဝန် သူနာပြုအင်အားပေါကိုယ့်ထက် ဆေးရုံပေါ ကိုယ့်ထက် ဆေးကိရိယာ စုံလင်တဲ့ US လို စလုံးလိုနိုင်ငံတွေမှာတောင်Positive လူနာ များလာရင် မနိုင်မနင်းဖြစ်တတ်တာမို့ တော်ရုံလူနာ လက်ခဏာမပြ positive ကို
အိမ်ပြန် ကိုယ့်အိမ်မှာ ဆေးကု စနစ် သုံးနေတာ ကိုယ်တွေမြန်မာနိုင်ငံလို နဂိုထဲက ဆရာဝန် သူနာပြု အင်အားနည်းပါး ဆေးဝါး ရှားပါး ဆေးရုံမလုံလောက် Ambylance တောင် ကောင်းကောင်းကန်းကန်းမရှိ ( ခု Run နေတာ ပရဟိတအသင်းတွေရဲ့ Without ကားတွေ အများစု )အနေအထားမျိုးနဲ့Positive မှန်သမျှလက်ခဏာပြပြ
မပြပြ အကုန် ဆေးရုံတင် ထိတွေ့ဖူးသူမှန်သမျှ အကုန် Q ခိုင်းပြီး တင်ကျွေးထားလို့ကတော့ကြာလေ မွဲလေ ပန်းလေ ပြာလေ ဖြစ်ကုန်မှာပေါ့ဗျာ။ခုတော့ ဝမ်းသာစရာပါ မကြာခင်မှာ Contain At Homes ဆိုတဲ့ မိမိနေအိမ်တွင်ပင်ထိန်းသိမ်းကုသခြင်း စနစ်ကိုစတင်ပြောင်းလည်းဖို့ ကြိုးစားနေပါပြီတဲ့။
Leave a Reply