ကိုဗစ်လူနာများ ဆေးရုံတက်ခြင်း၊ ထိတွေ့သူများ Q ဝင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်အသစ်

Quarantine ဝင်ရတာနဲ့ ပတ်သက်တဲ့ အသစ်ထုတ်ပြန်ချက်..

Facility quarantine — ၇ ရက်

– ၅ ရက်မြောက် swab ယူ၊ ၇ ရက်မြောက် အဖြေထွက် Negative ဖြစ်လျှင် အိမ်ပြန်။ Home quarantine ၇ ရက် ဆက်နေရမည်။ စုစုပေါင်း ၁၄ ရက်ပြည့်လျှင် လွတ်လပ်မည်။

Primary Contact (ရောဂါလက္ခဏာ မရှိမှသာ)

– အိမ်တွင် ရောဂါသည်ရှိလျှင် Facility quarantine သာ ၁၄ ရက်ပြည့်အောင်ဆက်နေပါ။ Swab မယူတော့ပါ။

သံသယရှိ PUI ရောဂါလက္ခဏာပြသူများ

– ဆေးရုံရှိ Tank Q နှင့် မြို့နယ် သီးခြား Q များဝင်ရမည်။ တန်းစီးဇယားအရ Swab အလှည့်ကျ ယူမည်။ Positive ဆိုရင် ကိုဗစ် ဆေးရုံတက်ရမည်။ Negative ဆိုရင် ၇ ရက်မြောက် အိမ်ပြန်။ Home Q ၇ ရက် ဆက်နေရမည်။

ကျန်မာရေးဝန်ထမ်းများ၊ GP များ — positive လူနာနှင့်ထိတွေ့ခဲ့လျှင်..

– Surgical gown, Face shield ပါသော level 2 PPE ဝတ်ထားလျှင် ၁ ရက်ကျော်လျှင် Swab ယူ.. ၃ ရက်မြောက် အဖြေထွက်.. negative ဖြစ်လျှင် အလုပ်ပြန်ဝင်။ Level 2 ဝတ်မထားလျှင် ၁ ရက်ကျော်လျှင် Swab ယူ.. Negative ဖြစ်လျှင် ၃ ရက်ကြာလျှင် ဒုတိယအကြိမ် swab ယူ.. negative ထွက်လျှင် အလုပ်ပြန်ဝင်။

Positive လူနာများ မတက်မနေရ ဆေးရုံတက်ရမည်။ သာမန်ရောဂါ လက္ခဏာပျော့လျှင် ၁၁ ရက်ပြည့်ပြီးလျှင် ဆေးရုံဆင်းရမည်။ ပြင်းလျှင် ၂၁ ရက် ပြည့်ပြီးမှ ဆေးရုံဆင်းရမည်။ ရောဂါလက္ခဏာ မရှိလျှင် Positive အဖြေထွက်သည့်နေ့မှ စပြီး ၁၁ ရက်ပြည့်လျှင် ဆေးရုံဆင်းရမည်။ ဆေးရုံဆင်းများ Home Quarantine ၇ ရက် ဆက်နေရမည် ဖြစ်ပါသည်။

မှတ်ချက် — ဆေးရုံမှ မဆင်းမီ..

– Paracetamol မသောက်ပဲ အဖျားမရှိ၊ ရောဂါလက္ခဏာ မရှိရန် ၁ ရက်သာ လိုပါသည်။ သာမန်လူနာအများစုမှာ ရောဂါလက္ခဏာပြပြီး ၇ ရက်အတွင်း သက်သာကြသည်။ သို့သော် ၁၁ ရက်ပြည့်မှ ဆေးရုံဆင်းရမည်ဖြစ်ပါသည်။

MMA – ပါမောက္ခဒေါက်တာဇော်ဝေစိုး

Be the first to comment

Leave a Reply

Your email address will not be published.


*