မွေးဖွားတဲ့ ရာသီဥတုက ပြောနေတဲ့ သင့်အကြောင်းများ

ပရိတ်သတ်ကြီးရေ နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေ ဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘဲ ကိုယ်ပိုင်ပုံစံတွေရှိကြပါတယ်။ ဒီလိုပါပဲ။ နွေ၊ မိုး၊ ဆောင်း မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့မှာလည်း မတူညီတဲ့ ပုံစံ၊ အကျင့်စရိုက်တွေရှိနေကြပါတယ်။ ကိုယ့် ကို မွေးခဲ့တဲ့ ရာသီဥတုက ကိုယ့်အကြောင်းဘာတွေ ပြောနေမလဲ။အောက်မှာ ကြည့်လိုက်ပါနော်။

နွေရာသီဖွား

သင်ဟာ နွေရာသီမှာ မွေးဖွားခဲ့သူတစ်ယောက် ဆိုရင်တော့ သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ပါ။ အဆိုးမြင်စိတ်နည်းတယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်။ စိတ်ကူးစိတ်သန်းကောင်းတယ်။ အခက်အခဲတွေရှိလာရင် အိုင်ဒီယာကောင်းတွေ ထွက်လေ့ရှိတယ်။ ပျော်ပျော်နေတတ်တယ်။ စူးစမ်းလိုစိတ်ကြီးတယ်။ အမြဲတက်ကြွနေလေ့ရှိတယ်။ ဒါတွေဟာ နွေရာသီဖွားလေးတွေရဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကတောင် အားကျရလောက်တဲ့ တက်ကြွမှုမျိုး သင့်မှာရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း အမြဲတမ်း ကူညီနေကျသူတစ်ယောက်၊ မိသားစုရဲ့ အားထားရသူတစ်ယောက်၊ အားလုံးရဲ့ ဆည်းလည်းလေးလည်း ဖြစ်ပါတယ်။ နွေရာသီမှာ မွေးဖွားသူတွေဟာ စိတ်ခံစားလွယ်လွန်းပြီး သနာကြင်နာစိတ်လည်း ကြီးမားကြသူတွေ ဖြစ်ပါတယ်။

မိုးရာသီဖြား

သင်ဟာ မိုးရာသီမှာ မွေးဖွားခဲ့သူတစ်ယောက် ဆိုရင်တော့ သင်ဟာ တည်ငြိမ်အေးဆေးသူ တစ်ယောက်ပါ။ ဆုံးဖြတ်ချက်တစ်ခုခု ချမယ်ဆိုရင် သေချာစဉ်းစားတတ်လေ့ရှိတယ်။ အမြဲတမ်း ပတ်ဝန်းကျင်ကို လေ့လာနေလေ့ရှိတယ်။ ချစ်သူခင်သူတွေနဲ့ စကားတွေပြောနေရရင် သင်ပျော်တယ်။ သင့်အကြောင်းတွေအားလုံးကို ရင်ဖွင့်လေ့ရှိတယ်။ ကောင်းတာရော ဆိုးတာရော အားလုံးပေါ့။ ပွင့်လင်းတဲ့ သင့်ပုံစံကြောင့် ချစ်သူခင်သူ မရှားဘူး။

ဆောင်းရာသီဖွား

သင်ဟာ ဆောင်းရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်ဆိုရင်တော့ သင်ဟာ ဇွဲကြီးသူတစ်ယောက်ပါ။ တစ်ခုခုကို တကယ်လိုချင်ပြီဆို မရရအောင် ယူတတ်တာ သင့်အကျင့်ပါ။ သင့်ရဲ့ အားနည်းချက်ကတော့ လူတွေကို အားနာတတ်လွန်းတာပါပဲ။ တစ်ယောက်ယောက်က အကူအညီတောင်းတဲ့အခါ ငြင်းရခက်လေ့ရှိတယ်။ အလွန်ရှက်တတ်သူတစ်ယောက်လည်း ဖြစ်တယ်။ တစ်ယောက်ကို ချစ်မိတဲ့အခါမှာလည်း သင့်ဘက်ကတော့ အမြဲတမ်း ထာဝရအတွက် ကိုပဲ ရည်ရွယ်လေ့ရှိတယ်။ အမြဲတမ်း ပေးဆပ်သူပဲ ဖြစ်လေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုလည်း အမြဲ ဝေဖန်နေတတ်သူတစ်ယောက်။ ပြီးတော့ ရည်မှန်းချက်ကြီးတွေလည်း သင့်မှာ ရှိပါတယ်။ မျှော်မှန်းထားတွေလည်း ဖြစ်မလာတဲ့အခါမှာလည်း အလွန်အားငယ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူများတွေအတွက် ဘာမဟုတ်တဲ့ ရှုံးနိမ့်မှုသေးသေးလေးတွေက ဆောင်းရာသီဖွားလေးတွေအတွက်တော့ အကြီးအကျယ်စိတ်ဓာတ်ကျစေတတ်လေ့ရှိပါတယ်။ သင်က ဘယ်ရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်လဲပြောခဲ့ဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*