
အိုင်ယာလန်နိုင်ငံက အသုဘတစ်ခုမှာ လူအများဟာ ငိုရမယ့်အစား ရယ်မောခဲ့ရပါတယ်။ဘာကြောင့်များ ဝမ်းနည်းပူဆွေးရမယ့် အသုဘမှာ လူတွေ တဟီးဟီးနဲ့ရယ်နေရတာပါလိမ့်။အကြောင်းကတော့ သေဆုံးသူကိုမြေမြှပ်ချိန်မှာ သူကြိုတင်သွင်းထားခဲ့တဲ့ အသံဖိုင်တစ်ခုကြောင့် အသုဘပို့သူတွေ ရယ်မောခဲ့ရတယ်။
သူ့ရဲ့အခေါင်းကို အားလုံးကြည့်ရှုနေချိန်မှာ
“ဟယ်လို ဟယ်လို ငါ့ကိုထုတ်ပေးကြပါ” ဆိုတဲ့အသံထွက်လို့လာပါတယ်။
သူသွင်းခဲ့တဲ့ အသံဖိုင်ထဲမှာ “ငါဘယ်ရောက်နေတာပါလိမ့် ငါ့ကိုထုတ်ပေးကြပါ မှောင်နေပါလား ဘုန်းတော်ကြီးအသံလား ငါကြားနေရတယ်နော် ငါ Shayပါ ဒီသေတ္တာထဲရောက်နေတာ ထုတ်ပေးကြပါဦး ” ဆိုတဲ့အသံကို သစ်သားကိုခေါက်နေသံနဲ့အတူ ကြားရတာကြောင့် ရယ်မောကြတာပဲဖြစ်ပါတယ်။
Shay ဟာ အောက်တိုဘာ၈ရက်နေ့က နာတာရှည်ရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ပြီး သူ့နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ သူ့အသုဘမှာပူဆွေးနေသူတွေကို ရယ်မောရအောင် ဒီလိုပြောခဲ့တာပဲဖြစ်ပါတယ်။
Leave a Reply