Mask မတပ်လို့ ရှုပ်ချဝေဖန်ခံရမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ ဆယ်လီမလေး
ဒီနေ့မှာတော့ ဂျပန်ဆယ်လီမလေးတစ်ဦးဟာ ကိုယ့်ကိုအဆုံးစီရင်ခဲ့လို့ဆိုပြီး internet မှာ ရေပန်းစားလို့နေပါတယ် ။ Maria Hamasaki အမည်ရှိတဲ့ အသက် 23 နှစ်အရွယ် ဆယ်လီမလေးဟာ ‘ The Bachelor Japan’ ဆိုတဲ့အစီအစဉ်မှာ ပါဝင်ခဲ့သူပါ ။သူမသေဆုံးမှုကို ပြီးခဲ့တဲ့ August 2 ရက်နေ့ကကြေညာခဲ့တာပါ ။
သူမဟာ ‘ lkinari Marriage’ ဆိုတဲ့အစီအစဉ်မှာ ပါဝင်ထားသူဖြစ်တဲ့အတွက် ၊ အဆိုပါအစီအစဉ်က သူမရဲ့သေဆုံးမှုကြောင့် လေးစားတဲ့အနေနဲ့ အစီအစဉ်ထုတ်လွင့်ပြသမှုကို ရပ်ဆိုင်းထားအုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။Hamasaki ဟာ ပြီးခဲ့တဲ့ April လက သူမရဲ့နေအိမ်အပြင်သို့ထွက်ခဲ့ချိန်က နှာခေါင်းစည်း mask မတပ်ခဲ့လို့ဆိုပြီး ပြင်းထန်တဲ့ရှုံချဝေဖန်တဲ့ online မှ comment တွေကြောင့် ယခုလိုအဆုံးစီရင်သွားခဲ့တာပါ ။
Cyberbully လုပ်ခံရလို့ ဂျပန်မှာရှိတဲ့ Celebrity တွေဟာဆိုရင် Hamasaki လို့ ဘဝကိုအဆုံးသတ်ပစ်ခဲ့တာတွေ ရှိပါတယ် ။ပြီးခဲ့တဲ့လက Hamasaki လို Cyberbully လုပ်ခံလိုက်ရလို့ ‘ Terrace House’ အစီအစဉ်မှာပါရှိတဲ့ အသက် 22နှစ်အရွယ် Hana Kimura အမည်ရှိတဲ့ ဆယ်လီမလေးဟာလည်း ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ကြောင်း သိရှိရပါတယ် ။ Source: worldofbuzz
ZawGyi Version
Be the first to comment
Leave a Reply
Your email address will not be published.
*