ချားစီးရင်း Selfieရိုက်ဖို့လုပ်သောကြောင့် ခေါင်းစုတ်သွားရတဲ့ကောင်မလေး

ချားစီးရင်း Selfieရိုက်ဖို့လုပ်သောကြောင့် ခေါင်းစုတ်သွားရတဲ့ကောင်မလေး


ခုခေတ် ဆယ်ကျော်သက်မိန်းကလေးတိုင်း ဘယ်နေရာရောက်ရောက် ဓာတ်ပုံသိပ်ရိုက်ချင်ကြပါတယ်။ဒါပေမယ့် အချိန်အခါနဲ့ နေရာဒေသကို မကြည့်မိတဲ့အခါမှာတော့ မဖြစ်သင့်တာတွေ ဖြစ်လာရပါတော့တယ်။

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှ မြောက်ဘက် မိုင်လေးဆယ်အကွာမှာရှိတဲ့ Barautမြို့ ပွဲတော်တစ်ခုရဲ့ အပျော်စီးချားရဟတ်တစ်စီးမှာ ဆယ်ကျော်သက်ကောင်မလေးဟာ သူ့သူငယ်ချင်းနဲအတူ Selfieဆွဲဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ကောင်မလေး ခေါင်းကိုစောင်းလိုက်တဲ့အခါ ခေါင်းစောင်းတဲ့ဘက်မှာ လည်နေတဲ့စက်ရှိနေတာကြောင့် ဆံပင်တစ်ထွေးကြီးပါသွားခဲ့ပြီး ခေါင်းတစ်ခြမ်းစုတ်သွားခဲ့ပါတယ်။

အခင်းဖြစ်ပြီးတဲ့အချိန် ကောင်မလေးဟာ ရုတ်တရက်ရှော့ရခဲ့တဲ့ပုံပေါ်ပြီး ဘာစကားမှမပြောနိုင်ဘဲ ဒီတိုင်းငြိမ်နေခဲ့ပါတယ်။ ဘေးမှသူငယ်ချင်းဖြစ်သူကနေ သူမကို အော်ပြီး အားပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ ဘေးကလူတွေက ကူညီဖို့ကြိုးစားပေမယ့် ဆံပင်တွေက စက်မှာ ငြိနေတာကြောင့် တော်တော်နဲ့ ဆွဲထုတ်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးမှာကောင်မလေးကို ဆေးရုံပို့နိုင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*