တစ်ယောက်တည်း ခရီးသွားရမှာ ပျင်းလို့ အွန်လိုင်းပေါ်ကနေ ခရီးသွားဖော် ရှာခဲ့တဲ့ အမျိုးသား

တစ်ယောက်တည်း ခရီးသွားရမှာ ပျင်းလို့ အွန်လိုင်းပေါ်ကနေ ခရီးသွားဖော် ရှာခဲ့တဲ့ အမျိုးသား

ခရီးထွက်တယ်ဆိုတာ လက်ရှိအချိန်မှာ လူတိုင်း လုပ်ချင်နေကြေတဲ့ အရာတစ်ခုပါပဲ။ ဒါပေမယ့်လည်း COVID 19 ကပ်ရောဂါကြီးကြောင့် အခုအချိန်မှာ လူတိုင်းနီးပါး အိမ်ထဲမှာပဲ ပိတ်မိနေတဲ့အချိန်ဆိုလည်း မမှားပါဘူး။ တစ်ကယ်တမ်းတော့ ခရီးထွက်တယ်ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကို အရမ်း relax ဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ လူတော်တော်များများဟာ ခရီးထွက်ရင် မိသားစုတွေ ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ခရီးထွက်လေ့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝမသိပဲနဲ့ နှစ်ယောက်တည်းခရီးကို အတူတူထွက်ခဲ့ကြကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

သူတို့တွေကတော့ Josiah Burton အမည်ရ အမျိုးသားနဲ့ Therese Rocca အမည်ရ အမျိုးသမီးတို့ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Iowa မြို့မှာ နေထိုင်တဲ့ Josiah ဟာ Japan နိုင်ငံကို သူငယ်ချင်းဖြစ်သူတစ်ယောက်နဲ့ ခရီးထွက်ဖို့ အတူတူလုပ်ခဲ့ပြီးမှ COVID 19 ကပ်ရောဂါကြောင့်လည်းကောင်း၊ ဂျပန်နိုင်ငံက ပြည်ပခရီးသွားဝင်ရောက်မှုကို ပိတ်ထားတာကတစ်ကြောင်း အစရှိတာတွေကြောင့် Josiah ရဲ့ သူငယ်ချင်းဟာ ခရီးသွားဖို့ အစီအစဉ်ကို ဖျက်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Josiah ဟာ သူတစ်ယောက်တည်း တူရကီနိုင်ငံကို ခရီးသွားဖို့ ဆုံးဖြတ်ခဲ့သလို သူနဲ့အတူတူလိုက်ချင်တဲ့ ဘယ်သူများရှိမလဲဆိုပြီး ဆိုရှယ်မီဒီယာက Group တစ်ခုမှာတင်ခဲ့ပါတယ်။ Josiah ရဲ့ ပို့စ်အောက်မှာ Therese Rocca လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးက သူမအနေနဲ့လည်း မကြာခင်အချိန်အတွင်းမှာ ခရီးသွားဖို့ အစီအစဉ်ရှိပြီး တစ်ယောက်တည်း ဖြစ်နေတာကြောင့် Josiah နဲ့ အတူတူ ခရီးသွားချင်ကြောင်း comment ပေးခဲ့ပါတယ်။

ဒီလိုနဲ့ Josiah နဲ့ Therese တို့ဟာ ခရီးမသွားခင် ရက်အနည်းငယ်အလိုမှာ အပြင်မှာတွေ့ခဲ့ကြပြီး တူရကီနိုင်ငံကို ခရီးသွားဖို့ အစီအစဉ်အသေးစိတ်ဆွဲခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ စက်တင်ဘာလ ၅ ရက်နေ့မှာ နှစ်ယောက်အတူတူ လေယာဉ်စီးပြီး Istanbul မြို့ကို ရောက်ရှိခဲ့ပါတယ်။ Istanbul မြို့ထဲက Taksim Square, The Blue Mosque, Topkapi Palace, Basilica Cistern, Hagia Sophia အစရှိတဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ခဲ့ကြပြီး ပျော်စရာအမှတ်တရတွေ များစွာကို ဖန်တီးခဲ့ကြပါတယ်။

“တော်တော်လေးကို ပျော်ဖို့ကောင်းတဲ့ ခရီးစဉ်တစ်ခုပါ။ သူစိမ်းတစ်ယောက်နဲ့ ခရီးသွားရတာ အဲဒီလောက်ပျော်ဖို့ကောင်းမယ်လို့ မထင်ခဲ့ရပါဘူး။ အခုအချိန်မှာတော့ Josiah ဟာ ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ဖြစ်လာပါပြီ။ ကျွန်မတို့နှစ်ယောက်ရဲ့ ဒီခရီးစဉ်မှာ တစ်ယောက်ကို ဒေါ်လာ တစ်ထောင်လောက်ပဲ ကုန်ပါတယ်။ အဲဒါဟာ လေယာဉ်စရိတ်တွေ၊ တည်းခိုစရိတ်တွေ၊ စားသောက်စရိတ်တွေနဲ့ သုံးဖြုန်းတဲ့ ပိုက်ဆံတွေ အကုန်လုံးပါဝင်ပါတယ်။ ၂၀၂၁ မေလမှာတော့ Josiah ရယ်၊ သူ့အမေရယ်နဲ့ စပိန်နိုင်ငံကို သွားလည်ဖို့ အစီအစဉ်ထပ်ဆွဲထားပါတယ်”လို့ Therese က ပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*