သံချပ်ကာကားတွေနဲ့စီတန်းပြီးလှည့်လည်ခဲ့ကြတဲ့ တရုတ်နိုင်ငံက စုံတွဲ(၃၀)တို့ရဲ့ မင်္ဂလာပွဲ

သံချပ်ကာကားတွေနဲ့စီတန်းပြီးလှည့်လည်ခဲ့ကြတဲ့ တရုတ်နိုင်ငံက စုံတွဲ(၃၀)တို့ရဲ့ မင်္ဂလာပွဲ

တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့(အောက်တိုဘာ ၁ ရက်နေ့)က လက်ထပ်ကြတဲ့ စုံတွဲပေါင်း(၃၀)ဟာ သူတို့ရဲ့မင်္ဂလာပွဲကို တမူထူးခြားအောင်ကျင်းပခဲ့ကြပါတယ်

အဲ့ဒါကတော့ မင်္ဂလာအခမ်းအနားစီတန်းလှည့်လည်မှုကို တရုတ်နိုင်ငံလုပ် ZBL-09 လူတင်အပေါ့စားသံချပ်ကာယာဉ်တွေပေါ်မှာ အရာရှိယူနီဖောင်းဝတ်ဆင်ထားတဲ့သတို့သား နဲ့ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ သတို့သမီးတို့က အတူတူယှဉ်တွဲပြီးလိုက်ပါလာကြတာဖြစ်ပါတယ်။

အဆိုပါ စုံတွဲတွေထဲက အမျိုးသားတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အမှတ် ၇၅ ခြေလျင်တပ်ရင်းက အရာရှိတွေ ဖြစ်ပြီး အလားတူမင်္ဂလာပွဲတွေကို ကွမ်းရှီး၊ ဂေါင်လင် နဲ့ ကျူအန်း ဒေသတွေမှာ အောက်တိုဘာ ၁ ရက်နေ့က အသီးသီးကျင်းပခဲ့တာဖြစ်ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့စုံတွဲတွေက ကွမ်းရှီးဒေသကဖြစ်ပြီး စုစုပေါင်း သံချပ်ကာယာဉ်(၃၀) နဲ့ လှည့်လည်ခဲ့ကြတဲ့ မင်္ဂလာစုံတွဲ(၃၀)ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*