အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မာမာကြည်၏ လက်တွေ့ကျသော အမှာစာ

အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မာမာကြည်၏ လက်တွေ့ကျသော အမှာစာ
.#ခုတလော Q ဝင်နေတဲ့သူတစ်ယောက် Q center မှာ သူအဆင်မပြေတာကို Live တင်ပြီး ငိုယိုပြောနေတဲ့ Video file လေးတက်လာတာ တွေ့ရပါတယ် ။ အမြန်ဆုံး အဆင်ပြေပါစေလို့လဲ ဆုတောင်းပေးမိပါတယ် ။
အောက်က comment တွေမှာ အားပေးထားတဲ့သူတွေရှိသလို စီမံခန့်ခွဲမှု ညံ့ဖျဉ်းကြောင်း ရေးသား ထားတာကိုလည်း တွေ့ရပါတယ် ။ဒီနေရာမှာ မိမိ အမြင်ကို တစ်ခု ပြောချင်ပါတယ် ။


အစိုးရအနေနဲ့ နိုင်နိုင်နင်းနင်း ပမာဏာ ရှိတုန်းက အကောင်းဆုံး စောင့်ရှောက်ခဲ့တာ ၊ ကူညီခဲ့တာ ၊ စေတနာ ထားခဲ့တာ ၊ စရိတ် အားလုံး ခံခဲ့တာတွေကို သတိပြုမိစေချင်ပါတယ် ။

ခုချိန်မှာ လူတအားများလာလို့ သုဝဏ္ဏကွင်းလိုနေရာတွေမှာ လူနာတွေ အေးအေးလူလူနားလို့ရအောင်လို့ ထပ်စီမံပေးထားတာ အားလုံး အသိပါ ။ အလှူရှင်တွေက ငွေတွေ ၊ နေရာတွေ ၊ စက်ကိရိယာတွေ လှူနေကြတာလဲ အားလုံး အသိပါ ။ ( မြန်မာပြည်မှာ မဟုတ် အတိုးတက်ဆုံး အမေရိကားလို နိုင်ငံမှာပါ ကုတင်မလောက် ၊ နေရာမလောက်ပါ ။ ) အတတ်နိုင်ဆုံး အစိုးရက ကူညီတာပါ ။
——
လူ 100 ရှိပါတယ် ။ အဆင်မပြေလို့ Post တင်တဲ့ 1 ယောက်ကို မြင်ပြီး စီမံသူတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အပစ်မြင်ရင် ၊ ကျန်အဆင်ပြေတဲ့ 99 ယောက်ကို ငဲ့ကြည့်စေချင်တယ် ။မိမိက ပေါ့ဆမိလို့ ၊မိမိ မိသားစုက ပေါ့ဆမိလို့မိမိက သံသယ လူနာ ဖြစ်ရတာ ၊မိမိက + လူနာဖြစ်ရတာကို မေ့သွားပြီးစေတနာ့ဝန်ထမ်းတွေ ၊ အလှူရှင်တွေကို အပြစ်မြင် ရေးသားတာတွေ့တော့ စိတ်မကောင်းပါ ။သူတို့တွေ ( စေတနာ့ဝန်ထမ်းတွေ ) ကို အိမ်ပြန်ချင်စိတ်ပေါက်အောင် မလုပ်စေချင်ပါ ။

+ ဖြစ်နေလို့ ဆေးရုံရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ထမင်းစားပြီးပြီလားမေးတော့ အလှူရှင်တွေ လာလှူတဲ့ ထမင်းက သိုးနေလို့ ခုပြန်လဲ ဖို့လုပ်နေတယ် လို့ဆိုပါတယ် ။

နင်ဗိုက်ဆာနေ လားလို့မေးတော့ အိမ်ကယူလာတဲ့ မုန့်တွေစားနေတယ် ၊ အလှူရှင်ကလည်း မနက်ကတည်းက ကြိုပို့ရတာဆိုတော့ ရာသီဥတုက ပူတော့ ပိတ်ထားရင်း သိုးကုန်တာထင်တယ် ၊ စေတနာ့ဝန်ထမ်းလေးတွေလည်း အထပ်မြင့်တွေကို တက်လိုက်ဆင်းလိုက်နဲ့ သနားပါတယ် လို့လည်း ရှင်းပြပါတယ် ။
ဒီလို အခြေအနေမျိုးဆို ဗိုက်ဆာနေတာမို့ သိုးနေတာတွေ လာပို့လို့ စိတ်တိုအပစ်တင်မလား ၊ မထင်မှတ်ဘဲ ဖြစ်တာမို့ သူတို့ အခက်အခဲကို ကိုယ်ချင်းစာမလား တွေးကြည့်စေချင်ပါတယ် ။
အယောက် ထောင် ကျော် အတွက် ထမင်းဘူးထောင် ကျော် သိုးနေလျှင် ဒီလို ချိန်မျိုးမှာ ပြန် စီမံရမယ့် အခက်အခဲ ကို လည်းမြင်စေချင်ပါတယ် ။
Q center ပဲဝင်ဝင် ၊ ဆေးရုံပဲရောက်ရောက် ဗိုက်ဆာ တတ်ရင် မုန့်ခြောက်လေးတွေ ကြိုဆောင် ထားစေချင်ပါတယ် ။ ရုတ်တရက်မို့ မပါသွားရင် အခမဲ့ လိုက်ပို့ပေးတဲ့ အဖွဲတွေ ရှိပါတယ် ။ အိမ်လာယူပြီး ဆေးရုံ ဒါမှ မဟုတ် Q center ကို အခမဲ့ လိုက်ပို့ပေးပါတယ် ။

ရပ်ကွက်က လူငယ်လေးတစ်ယောက် အလုပ်မရှိလို့ ငတ်ပြီ လို့ဆိုလာလို့ သူ့ကို volunteer လုပ်ပါလား ကုသိုလ်လဲရတယ် ၊ မင်းလဲ ထမင်းစားရတယ် ၊ ဟိုမှာလည်း တကယ်လိုနေတာ ပြောလိုက်ပါသေးတယ် ။

မိမိရောဂါ ပြလျှင် မကြောက်ပါနဲ့ ၊ မရွံပါနဲ့ ၊ အများကြီး မမျှော်လင့်ထားပါနဲ့ဟု စေတနာစကားဆိုချင်ပါသည် ။

ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ရုံတောင် ခုံလက်မှတ်မရရင် ပလတ်စတစ်ခုံနဲ့ ထိုင်ရတာမျိုး ၊ကိုယ်ခရီးသွားတဲ့အခါ ဟိုတယ် မရရင် ဘုန်းကြီးကျောင်းမှာ တည်းလိုက်ရတာမျိုး ၊ကိုယ်ထမင်းဆိုင်ဝင်လိုက်တဲ့အခါ ဟင်းကုန်သွားရင် အရွက်ကျော်နဲ့စားလိုက်ရတာမျိုး ၊တွေက လူတိုင်း အခြေအနေ တစ်ခုမဟုတ် တစ်ခုမှာ ဖြစ်တတ်ကြပါတယ် ။

အားလုံးက မိမိကို ပိုက်ဆံတပြားမှာ ယူမထားဘဲ ကူညီကြသည်ကို အမြဲစိတ်မှာ မှတ်ထားပေးကြပါ ။ရောဂါကြောင့် ပူနေတဲ့ အပူကို ကိုယ်ချင်းစာပါတယ် ။ တခြားဟာတွေကို မေ့မသွားဖို့ ပြောပြချင်မျိူးပါ ။
တွေးဆ ဆင်ခြင်နိုင်ကြပါစေ ။မိမိက စကာကွယ်ပါ ။

စေတနာ့ဝန်ထမ်းများကို လေးစားစွာဖြင့် –

ဇေယျာလင်း ( city fm )

Be the first to comment

Leave a Reply

Your email address will not be published.


*