လူတိုင်းက စေတနာနဲ့ မတန်ပဲ စော်ကားကြတဲ့အကြောင်း ဝေဠုကျော် ပြောပြီ

ကပ်ရောဂါကြား အားလုံးအဆင်ပြေအောင် အပင်ပန်းခံခဲ့ပေမယ့် လူနာတစ်ယောက်ရဲ့ ပိုက်ဆံတောင်းခြိမ်းခြောက်ခြင်းခံနေရတယ်ဆိုတဲ့ ဝေဠုကျော်ကိုယ်ကျိုးမငဲ့ပဲ မြန်မာနိုင်ငံအနှံ အကူအညီလိုအပ်တဲ့နေရာတွေမှာ စိတ်ရောလူပါ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရနေရင်ကို ပျော်ရွှင်နေသူတစ်ယောက်ပါပဲ။ပရဟိတအလုပ်ကို လုပ်နေသူပီပီ အရာရာကို စေတနာထားပြီး အကောင်းဆုံး လုပ်ဆောင်ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ ဝေဠှုကျော်က လူနာတစ်ယောက်ရဲ့ ပိုက်ဆံတောင်းခြိမ်းခြောက်ခြင်းခံနေရတယ်ဆိုတဲ့အကြောင်းကို ပြောလာပါတယ်။

“လူနာတွေကို ကပ်ရောဂါကြား အဆင်ပြေအောင် အပင်ပမ်းခံပြီး အတတ်နိူင်ဆုံး လှူပေးခဲ့တယ်။ အလှူမရလို့ အားလုံးမျှတ လှူပေးနေရတဲ့ကြားထဲ အလှူကိုတောင်းသလောက် မရတာနဲ့ ရန်လာရှာ ခြိမ်းခြောက်တော့ စေတနာနဲ့ လုပ်ပေးတာက အကုသိုလ် ဖြစ်ရတယ်။လူနာတော်တော်များများက စေတနာအသိအမှတ်ပြုလို့ ပီတိဖြစ်ရပေမယ့် ဒီတစ်ယောက်ကတော့ မိုက်ရိုင်းချက်က ကမ်းကုန်ပဲ။ လူနာအချင်းချင်းရန်တိုက်ပေးတာတို့။အဆိုးဆုံးက အခြားလူနာရှင်ယောင်ဆောင်ပြီး ငွေလိမ်တောင်းတာပါ။

သူနာပြုဆရာမယောင်ဆောင်ပြီး ပြောခိုင်းတာတောင်ပါသေးတယ်။ပေးရတာများပြီ။နယ်လဲပြန်သွားပြီမို့ မျက်ကွယ်ရောက်သွားပြီကို သူတို့အဆင်ပြေပါစေဆိုပြီး ထပ်ထပ်လွှဲပေးတယ်။ ဖုန်းအခါများစွာဆက်ပြီး ဂျီကျတာ ငွေထုတ်မရတာကိုလဲ ပြန်ထုတ်ပြန်လွှဲအခါခါ သည်းခံလုပ်ပေးခဲ့တယ်။”“လိမ်လိုက်တဲ့နောက်မှာတော့ စေတနာက ပျက်သွားပြီလေ။ တစ်ဖက်လူနာရှင်နဲ့ ရန်တိုက်ပေးလိုက်တာ။ပြီး ဆေးရုံကို လှမ်းဖုန်းဆက်ရနဲ့ အလုပ်များသွားတာမို့ တော်တော်စိတ်ပျက်သွားရတာ။

အခုတော့ ခြိမ်းခြောက်လာပါတယ်။ တချို့ လူတွေ စေတနာနဲ့ မတန်ဘူးဆိုတာ အဲ့ဒါပါပဲ။ ဒေါသဖြစ်မိတဲ့ ကိုယ့်စိတ်ကို ကိုယ်ဆုံးမနေရတယ်လေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာပါတယ်။ဝေဠုကျော်ကတော့ လူတိုင်းကို စေတနာထားပြီး အကောင်းဆုံး ကူညီခဲ့ပေမယ့် လူတိုင်းက စေတနာနဲ့ မတန်ပဲ စော်ကားကြတဲ့အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*