
အောင်ဘာလေထီ သိန်း (၁၀၀၀) ဆု ပေါက်သည့် ချင်းအမျိုးသားကြီး ဆုငွေအားလုံး မိန်းမဆီ အပ်မည်ဟုဆို..
ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာ နေထိုင်တဲ့ ဦးတီလ်ကီးယန် (U Tial Kian) က အကြိမ် (၂၀) မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ သိန်းတထောင်ဆု ဆွတ်ခူးရရှိတယ်လို့ သတင်းရရှိပါတယ်။ ဦးတီလ်ကီးယန်ဟာ အသက် (၆၃)နှစ်အရွယ်ရှိပြီဖြစ်ပြီး အရင်က ကြေးနန်းစာတိုက်ရုံးတွင် အလုပ်လုပ်ခဲ့ပြီး ပင်စင်ယူထားတာ တစ်နှစ်ကျော်သာ ကြာပါသေးတယ်။
သိန်းတထောင်ဆုပိုင်ရှင် ဦးတီလ်ကီးယန်က “ထီပေါက်တော့ အရမ်းပျော်တာပေါ့။ မပျော်လို့ဘယ်နေမလဲ။ ဒီဆုနဲ့ ဘာလုပ်မလဲဆိုတာ မစဉ်းစားရသေးဘူး။ ပထမဆုံးတော့ မိန်းမဆီမှာ အရင်ဆုံး တစ်ပြားမကျန်အပ်မယ်။ ပြီးရင် ဘာလုပ်မလဲဆိုတာ ဆွေးနွေးကြမယ်” လို့ပြောပါတယ်။
ဟားခါးမြို့တွင် သိန်းတထောင်ထိ ထီပေါက်ဖူးတာ အခု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဦးတိလ်ကီးယန်ဟာ ပိုက်ဆံရှိတဲ့ချိန်မှာ ထီလက်မှတ် ဝယ်လေ့ရှိပြီး အခုထီပေါက်တဲ့လက်မှတ်ဟာ မိုးယံဂိုဂိုစံဆိုင်ကနေ ၅ စောင်တွဲ ၂ စောင်၊ တစ်သောင်းဖိုးဝယ်ထားတဲ့ ထီလက်မှတ်ကနေ ဆုရတာဖြစ်ပါတယ်။
ဦးတိလ်ကီးယန်တွင် သား ၂ ယောက်နဲ့ သမီး ၂ ယောက်ရှိပါတယ်။ (Zelan)
Leave a Reply