MEMORY CARD ထဲ က ပျောက်သွား တဲ့ ဓာတ်ပုံတွေ ဖိုင်တွေ ကို ပြန်ရှာဖွေနိုင် မယ့် နည်း လမ်း

MEMORY CARD ထဲ က ပျောက်သွား တဲ့ ဓာတ်ပုံတွေ ဖိုင်တွေ ကို ပြန်ရှာဖွေနိုင် မယ့် နည်း လမ်း

သင်ဟာ Memory Card ကို Format ချလိုက်မိလို့ပဲ ဖြစ် ဖြစ် ၊ Virus ကြောင့်ပဲဖြစ်ဖြစ် ၊ လက်လွန်ပြီး Delete လုပ်လိုက်မိလို့ပဲဖြစ်ဖြစ် သင့်ရဲ့ ကင်မရာ ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေကို ရှာမတွေ့တော့တဲ့အခါမှာ လုံးဝ ဆုံးရှုံးသွားပြီလို့ ထင်လိုက်မိ ပါလိမ့်မယ်။ Lexar နဲ့ Sandisk တံဆိပ် Memory Card တစ်ခုခုကို သင့်ကင်မရာထဲမှာ သုံးထားတာ ဆိုရင်တော့ သင်ကံကောင်းသွားပါတယ်။ ထိုပျောက်ဆုံးသွားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာဖို့ အတွက် Card Reader တစ်ခု ၊ ကွန်ပျူတာ တစ်လုံးနဲ့ သင့်ရဲ့ Memory Card သာ ရှိနေဖို့ လိုပါတယ်နော် ….(၁) သင့် Memory Card ထဲက ဓါတ်ပုံတွေ ပျောက်ဆုံးသွားပြီဆိုတာ သိသိချင်း ထိုCard ထဲကို ဘာဓါတ်ပုံ မှ ထပ်မရိုက်ပါနဲ့။ ထို Card ကို ကင်မရာထဲက ချ

က်ချင်း ထုတ်ထားပါ …(၂) ပြန်လည်ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲ ကို ရွေးချယ်ပါ။ Windows စနစ် အတွက် Recuva ဆိုတဲ့ ဆော့ဖ်ဝဲ ကို သုံးနိုင်ပြီး Mac စနစ် အတွက် PhotoRec ဆိုတဲ့ ဆော့ဖ်ဝဲ ကိုရွေးချယ် အသုံးပြုနိုင်ပါတယ် …။(၃) သ

င်ရွေးချယ်ထား တဲ့ဆော့ဖ်ဝဲ ကို Install ပြုလုပ်ပြီး တပ်ဆင်ပါ …(၄) Window စနစ်မှာ အသုံးပြုနိုင်တဲ့ Recuva ဆော့ဖ်ဝဲ အကြောင်းနဲ့ စတင်လိုက်ပါတယ်။ သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်လိုက်တဲ့အခါ ဓါတ်ပုံတွေတင်မဟုတ်ပဲ

အခြားဖိုင်တွေကို ပါ ဆော့ဖ်ဝဲ က ရှာဖွေပေးပါလိမ့်မယ်။ Menu ကနေတဆင့် သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်ဖို့ အတွက် Card Reader ကနေတဆင့် သင့်ရဲ့ Memory Card ကိုထည့်သွင်းပါ။ ပျောက်ဆုံးနေတဲ့ ဓါတ်ပုံ ပါရှိတဲ့

Folder အားရွေးချယ်ပါ …များသောအားဖြင့် DCIM လို့ အမည်ပေးထားတဲ့ Folder ကို ရွေးချယ် ရပါလိမ့်မယ်။ Mac စနစ်မှာ သုံးနိုင်တဲ့ PhotoRec ဆော့ဖ်ဝဲကတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ သင်ဆော့ဖ်ဝဲကို စတင်လိုက်ပြီးတဲ့ေ

နာက် မှာ Memory Card ကို ရှာဖွေလိုတဲ့ ဖိုင်အဖြစ်ရွေးချယ်ရပါမယ်။ အဲဒီနောက် Enter ကို နှိပ်ပြီး ပါက FAT16/32 အပိုင်းကို Scan ပြုလုပ်ဖို့ ထပ်မံရွေးချယ်ပြီး Enter ထပ်နှိပ်ပါ။ အဲဒီနောက် Menu ကနေတဆင့် (FAT/NTFS) ကို

ထပ်မံရွေးချယ်လိုက်ပါ။ ပြီးလျှင် “Free” ကို ရွေးချယ်ပြီး “C” ကိုနှိပ်လိုက် ပါက ပျောက်ဆုံးနေတဲ့ ဓါတ်ပုံတွေကို ရှာပေးပါ လိမ့်မယ် …(၅) Scan လုပ်ပြီး ရှာတွေ့တဲ့ ဖိုင်အမျိုးအစားကို ကြည့်ပါ။ များသောအားဖြင့် JPEG အမျိုးအစားကို ေ

တွ့နိုင်မှာပါ။ တစ်ကယ်လို့ သင်ဟာ Raw ဖိုင်တွေကို ရှာဖွေနေတယ် ဆိုရင်တော့ ထပ်မံပြုလုပ်ရ မှာတွေရှိနေပါတယ်။ Recuva မှာဆိုရင် “Switch to advanced mode” ကိုနှိပ်လိုက်ပါ။ ပြီးရင် သင့်ကင်မရာရဲ့ Raw ဖိုင်အမျိုးအစားကို ပေါင်းထည့်လိုက်ပါ။ ဥပမာ – .CR2, .NEF , .ARW စသဖြင့် သင့်ကင်မရာ အမျိုးအစားပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ PhotoRec မှာဆိုရင် Main Menu ထဲမှ “FileOpts” ကိုအသုံးပြုပြီး ရှာဖွေပါ။များသောအားဖြင့် .tiff ဖိုင်အ

မျိုးအစားနဲ့သာ ရရှိနိုင်မှာ ဖြစ်ပါတယ် …(၆) Recuva မှာဆိုရင် သင်ပြန်လည် သိမ်းဆည်းထားလိုတဲ့ ဓါတ်ပုံတွေ ကို ရွေးချယ်လိုက်ပြီး “Recover” ကိုနှိပ်ပါ။ထိုဓါတ်ပုံတွေကို သင်သိမ်းထားလိုတဲ့ ဖိုင်ထဲသို့ထည့်သွင်းပါ။Memory Card

ထဲသို့ ပြန်လည် မထည့်သွင်းမိဖို့ အထူး သတိထားပါ။ PhotoRec မှာဆိုရင် သင်ပြန် လည်သိမ်းဆည်းလိုတဲ့ ဖိုင်နေရာကို အလွယ်တကူရွေးချယ် နိုင်မှာပဲ ဖြစ်ပါတယ်နော် …

 

Be the first to comment

Leave a Reply

Your email address will not be published.


*