ကြောင်မဖြစ်သူ တခြားကြောင်နဲ့ဖောက်ပြန်တာကိုတွေ့လိုက်ရပြီး ဖြစ်သွားတဲ့ပုံကြောင့် အင်တာနက်မှာနာမည်ကြီးသွားတဲ့ကြောင်လေး

ကြောင်မဖြစ်သူ တခြားကြောင်နဲ့ဖောက်ပြန်တာကိုတွေ့လိုက်ရပြီး ဖြစ်သွားတဲ့ပုံကြောင့်

အင်တာနက်မှာနာမည်ကြီးသွားတဲ့ကြောင်လေးအင်တာနက်အသုံးပြုသူတွေကြားမှာ ပျံ့နှံလာတဲ့ ဒီကြောင်လင်မယားပုံတွေဟာ တကယ်ရယ်ရအခက်ငိုရအခက်ဖြစ်ပါတယ်။

ပထမတော့ ဒီကြောင်စုံတွဲဟာ ချစ်ချစ်ခင်ခင်ပါပဲ။ဘေးပတ်ဝန်းကျင်က လူတွေကိုတောင်ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်တာ၊ နမ်းရှုံတာတွေလုပ်နေခဲ့ပါတယ်။

ဒါပေမယ့် ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ ကြောင်ထီးတစ်ကောင်ရောက်လာပြီး ကြောင်မနဲ့ရုတ်တရက် စုံမက်ကာ တက်ခွပြီးဟိုဒင်းပြုခဲ့တာကြောင့် ဘေးကအရင်ကြောင်ထီးလေးခမျာ ဘာလုပ်ရမှန်းမသိ ကြောင်ပီပီကြောင်နေခဲ့ရှာပါတယ်။

အင်တာနက်အသုံးပြုတွေဟာ တရုတ်မှာ ယောကျာ်းမိန်းမတွေ ဖောက်ပြန်ရင် ဖြစ်တတ်တဲ့မျက်နှာအမူအရာကို ကိုယ်စားပြုတဲ့ ဦးထုပ်အစိမ်းရောင်ကို ဆောင်းပေးခဲ့ပြီး ဟာသလုပ်ခဲ့ကြပါတယ်။

ဒါကတော့ ကြောင်ထီးဖြစ်သူ နောက်ဆုံးဖြစ်သွားတဲ့ပုံလေးပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*