မိန်းမယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံး အဖြစ် ရွေးယူမလဲ.

သား အတွက် အဖေ့ရဲ့အကြံပြုချက် ။ငါ့သား အိမ်ထောင်ဖက် ရှာနေတယ်ဆိုရင် မိန်းမတွေရဲ့ရင်သားနဲ့တင်ပါး အရွယ်အစားအတွက် မင်း စိတ်မပူနဲ့။နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့တင်သားတွေက ပြောင်းလဲသွားလိမ့်မယ်။

အခု မင်းအမေကိုပဲ ကြည့်လေ ရင်ပြားကြီးနဲ့တင်ပြားကြီးသာ ကျန်တော့ပေမဲ့ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ငါ့သား ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ။အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် သူတို့ရဲ့ဆံပင်တွေ အဝတ်အစားတွေ ဖိနပ်တွေပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်။အဲ့ဒီ အရာတွေ မပါဘဲနဲ့လဲ

ကောင်းမွန်တဲ့အိမ်ထောင်ရေးဟာ ရပ်တည်နိုင်ပါတယ်။ဒါပေမဲ့ အချစ်မပါဘဲတော့ အိမ်ထောင်ရေး မတည်တံ့နိုင်ဘူးပေါ့။ငါ မင်း အမေကို လက်ထပ်ခဲ့တုန်းကကိုယ်ပိုင် အိမ် ကိုယ်ပိုင် ကား မပိုင်ခဲ့ဘူး။ငါဟာ ပညာတတ်တစ်ယောက်တောင် မဟုတ်ခဲ့ဘူး။ဒါပေမဲ့ ငါ့မှာ အိပ်မက်တွေ ရှိခဲ့တယ်။မင်း အမေက ငါနဲ့ ငါ့ရဲ့ အိပ်မက်တွေကို နှစ်သက်လေးစားပြီး ကူညီထောက်ပံ့တယ်။မင်းရဲ့ အိပ်မက်တွေကိုလျစ်လျူ ရှု တတ်တဲ့ မိန်းမ အကြောင်းတစ်မိနစ်လောက်တောင် တန်ဖိုးထား စဉ်းစားမနေပါနဲ့။မင်းထက်ပိုပြီး မင်း အိပ်မက်တွေကို ကောင်းကောင်းတွေ့မြင်နိုင်မယ့် မိန်းမတစ်ယောက်ကိုမင်း ရှာတွေ့ပြီဆိုရင်တော့ မင်း ကံကောင်းပြီပေါ့ ငါ့ သား။

Be the first to comment

Leave a Reply

Your email address will not be published.


*