ကိုဗစ်ကာကွယ်ဆေးထွက်ပြီး ပြည်သူအားလုံး ထိုးပြီးမှ ကိုဗစ်ကို အောင်မြင်နိုင်မှာဖြစ်ပြီး ပြည်သူများအားလုံး အခြေခံကျန်းမာရေးကို ဂရုပြုကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကိုဗစ်ကာကွယ်ဆေးထွက်ပြီး ပြည်သူအားလုံး ထိုးပြီးမှ ကိုဗစ်ကို အောင်မြင်နိုင်မှာဖြစ်ပြီး ပြည်သူများအားလုံး အခြေခံကျန်းမာရေးကို ဂရုပြုကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
—————————–
အောက်တိုဘာ ၂

ကိုဗစ်ကာကွယ်ဆေးထွက်ပြီး ပြည်သူအားလုံး ထိုးပြီးမှ ကိုဗစ်ကို အောင်မြင်နိုင်မှာဖြစ်ပြီး ပြည်သူများအားလုံး အခြေခံကျန်းမာရေးကို ဂရုပြုကြပါလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယနေ့ည ၈ နာရီမှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ကာကွယ်ဆေးထွက်ပြီးမှ ကျွန်မတို့ပြည်သူတွေ အားလုံးကို ထိုးပြီးမှ ကိုဗစ်ကို အောင်မြင်နိုင်မယ်။ ပြည်သူများ အခြေခံကျန်းမာရေး ကို ဂရုပြုကြပါ။ အခြေခံကျန်းမာရေးမှာလိုက်နာရမယ့် ကျန်းမာရေး နေပုံထိုင်ပုံတွေကို လေ့ကျင့်ဖို့ တယ်။ ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် နိုင်ငံတော်ရဲ့ တာဝန်ဆိုတာကိုလည်း လက်ခံထား ပါတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*